"နင်ဘာတွေလုပ်ထားလို့လဲ"
သူမပုံစံမှာကျွန်တော်တို့နှစ်ယောက်
ဖြစ်ထားတာကိုသိနေသလိုကြီးလာမေးနေသည်။"ကဲ ပါ ကားပေါ်တက်
ငါကြောင်လေးတစ်ကောင်သွားဝယ်မလို့
နှစ်ယောက်စလုံးလိုက်ရွေးပေးပါဦး"ဆိုပြီး စကားကို ဖြတ်လိုက်ကာ ကားပေါ်တက်လာခဲ့သည်။
Prem ကတော့အနောက်ခန်းမှာတစ်ယောက်တည်းထိုင်လျက်။ခုံနေရာလေးမတူတာတောင်တစ်မျိုးကြီးခံစားရတာကျွန်တော်ပါ။ ဟာတာတာကြီးနဲ့ ဘေးမှာတစ်ခုခုလိုနေသလိုမျိုးကြီး။
Back မှန်ကနေ ကောင်လေးကိုဘဲ
အရိပ်တကြည့်ကြည့် ကြည့်နေမိသည်။
သူလေးကတော့ ကားရဲ့အပြင်ဖက်ကိုကြည့်လျက်။"Boun "
"အင်း "
တစ်ခွန်းထဲသာထူးလိုက်သည်။
"နောက်အပတ်ဆို
ငါတို့တွဲတာတစ်နှစ်နဲ့၃လနော်"သူမက Prem မကြားကြားအောင်
အသံကိုချဲ့ကားပြောလိုက်သည်။"တို့ကောင်လေးက ဘာဝယ်ပေးမှာလဲဟင်
ဇာတ်ကားတွေထဲကလို လက်ထပ်ခွင့်တောင်းမလို့လား"စကားအဆုံးနဲ့ ကောင်လေးကိုလှမ်းကြည့်လိုက်တော့
မျက်နှာကရှုံ့တွပြီး တစ်ခုခုဖြစ်နေတဲ့အရိပ်ယောင်
ခံစားလိုက်မိသည်။"ငါဘာမှမစီစဉ်ရသေးဘူး"
"ဟုတ်ပါပီ ကိုကို့သဘောတိုင်း
ပေးချင်တဲ့လက်ဆောင်ပေးပါရှင့်"ချွဲနွဲ့ပြောင်းပျော့တဲ့မိန်းမမာယာအသံကြီးနဲ့လာပြောနေပြန်ပြီ။စိတ်ညစ်လိုက်တာ။
စိတ်ထဲ၌ရေရွတ်မိပေမယ့် ထုတ်တော့မပြော။
မိနစ်၃၀လောက်ကြာတော့
ဆိုင်တစ်ဆိုင်သို့ရောက်လာခဲ့သည်။
ကြောင်ဝယ်မယ်ဆိုတဲ့ LiLi က
အရှေ့ကနေဦးဆောင်ပြီးဝင်သွားသည်။ဆိုင်ကအတော်လေးစုံသည်။
ခွေး ကြောင် ငှက် ငါး ယုန်
မျိုးစုံရှိသည်။(Premခွေးမွေးချင်နေတယ်ဆိုတာကို
အရှေ့မှာရေးခဲ့ဖူးပါတယ်။မှတ်မိလားတော့မသိဘူး။)ဆိုင်ထဲရောက်တော့ LiLi က
ကျွန်တော့်လက်ကိုအတင်းဆွဲကာ
ကြောင်ရွေးပေးရန်ပြောနေသဖြင့်
သူ့နားမှာဘဲကျန်ခဲ့သည်။ဟိုပေါက်စကတော့ခွေးလေးတွေသွားကြည့်တာနေမှာပေါ့။
ကျွန်တော်ကြောင်ရွေးပေးပြီးတော့
သူ့အနားကပ်သွားလိုက်သည်။Prem : ကျွန်တော်ကတစ်ကောင်ဘဲလိုတာ။
မွေးချင်နေတာတော့အတော်ကြာပြီ။
မတိုက်ဆိုင်လို့မ၀ယ်ဖြစ်တာ။ဆိုင်ရှင် : ဒီ အမျိုးစားကို အကိုတို့ကစုံတွဲဘဲရောင်းလို့
ပါညီ။ဆိုင်ရှင်နဲ့ပြောနေတာနားထောင်မိတော့
Boun : နှစ်ကောင်စလုံးဝယ်မယ်။prem မင်းတစ်
ကောင်ငါတစ်ကောင်ယူမယ်။ကျွန်တော်စကားကြားတော့Prem တစ်ယောက်အပျော်ကြီးပျော်နေရှာသည်။အဆောင်မှာနဲ့ကားပေါ်က Prem နဲ့တောင်မတူတော့ချေ။
ကားပေါ်၌နှစ်ယောက်သားအနောက်ခန်း၌ထိုင်ကာ
ခွေးနှစ်ကောင်နဲ့ဆော့ရင်း။အရှေ့ခုံမှာတော့lili ရဲ့ကြောင်ထည့်ထားတဲ့ ခြင်လေးချထားသည်။
ကြည့်ရပုံ LiLi ကျွန်တော့်ကိုသိပ်မကျေနပ်။
Ch 15 end .
YOU ARE READING
Back To You
RomanceThis is BounPrem fan fiction. Boun Noppanut and Prem Warut are not only medical students but also roommate. Prem is first year and Boun is his senior from the third year. A love story between these two boys.
Chapter 15 Zawgyi
Start from the beginning