Prem က အကြည့်တွေကိုရပ်တန့်သွားစေနိုင်သောအသံဖြင့် သတိပေးသလိုပြောလိုက်မှ Boun တစ်ယောက် အကြည့်များလွှဲလိုက်ပါတော့သည်။
"အာ့ ...ချီး ..ဟာဗျာ တော်ပီ "
Boun မပါဘဲတစ်ယောက်တည်းဆော့မှဘဲမဆဲဖူးတဲ့ကောင်လေးကဆဲလို့နေပြန်သည်။Boun က Prem ရဲ့ဖုန်းကိုကြည့်လိုက်မှ
"မြေပုံကြည့်လေ ဘယ်တွေလျှောက်ပြေးနေတာလဲ"
Boun ကအားမရသလိုပြောလိုက်မှ
"ဟာဗျာ စိတ်ညစ်လာပြီ ပစ်တာကလည်းမထိဘူး "
Prem ရဲ့ခါးနောက်ကနေသိုင်းဖက်ကာ Ph Screenပေါ်ရှိ လက်မလေးနှစ်ခုအား ဖိ ပြီး ပစ်ပေးလိုက်သည်။
"ဒီလိုပစ်ရတာ "
"အယ် ထိတယ်အဲလိုပစ်မှ"
Prem တစ်ယောက်ကတော့ Boun ရင်ခွင်ထဲရောက်နေပြီ။ ရင်တွေ ဒုန်း ဒိုင်း နဲ့ ခုန်နေပါပြီ။
............................
"ဟူး ......ဘယ်လိုလုပ်ရမလဲ" စိတ်ထဲ၌ရေရွတ်ကာ
"အကို ....အ၀တ်ငါးထည်အခုသွားလျှော်ပေးမယ်နော်"
ဟုပြောကာ ရင်ခွင်ထဲမှ ထွက်ပြေးဖို့ကြိုးစားလိုက်သည်။ ရုတ်တရက်ကြီးကောက်ထလိုက်ချိန်မှာတော့
Boun က Prem ရဲ့လက်ကို ဆက်ခနဲ အလျင်အမြန်ပင်ဆွဲလိုက်သောကြောင့် Boun တစ်ယောက်ကုတင် ကိုမှီလျက် Prem က တော့ Boun ရင်ခွင်ထဲပေါ့။တစ်ခန်းလုံးတိတ်ဆိပ်နေသည်။ ကောင်လေးနှစ်ယောက်ရဲ့ ရင်ခုန်သံများကလွဲလို့။ တစ်ယောက်မျက်နှာတစ်ယောက်စိုက်ကြည့်ရင်း တစ်ယောက်အသက်ရှူသံကိုတစ်ယောက်ကြားနေရသည်။
Boun က Prem ရဲ့ခါးလေးကိုဖက်လျက် Prem ကတော့ Boun ရင်ဖတ် ကို လက်နှစ်လက်နှင့် ကပ်လျက်။
"ဘယ်သွား မလို့လဲ " Boun ရဲ့အမေးကြောင့်
"အကို့ကို အ၀တ်ကူလျှော်ပေးမယ်ပြောထားတယ်လေ"
ဟု မျက်နှာလေးလွှဲကာ ဖြေနေပုံကို Boun တစ်ယောက်အတော်ပင်အသဲယားနေမိသည်။"အတူတူလျှော်မယ်"
Boun စကားကိုတော့သူမငြင်းနိုင်။
"အဲဆို လွှတ် " ဟု ဆိုကာ Prem တစ်ယောက်ရုန်းကာပြောနေသော်လည်း ပို၍တင်းတင်းကြပ်ကြပ်ဖက်ထားခြင်းခံလိုက်ရပြန်သည်။
YOU ARE READING
Back To You
RomanceThis is BounPrem fan fiction. Boun Noppanut and Prem Warut are not only medical students but also roommate. Prem is first year and Boun is his senior from the third year. A love story between these two boys.
Chapter 6 Zawgyi
Start from the beginning