Part-26

2.2K 212 11
                                    

"Joonie အိမ်ရှေ့က ကားသံကြားတယ် jimin ပြန်လာတာလားမသိဘူး"
"အင်း ဟုတ်လောက်မယ်"

Namjoon တံခါးဖွင့်လိုက်တော့ jimin ကို တွဲပြီး ခေါ်လာတဲ့Jungkook

"ဟင် Jungkook...."

ထိုစဉ် မီးဖိုချောင်ထဲက Jin ပါထွက်လာပြီး

"Jungkookဘယ်တုန်းကအရင်ပြန်ရောက်နေတာလဲ"
"Jin Hyung Jimin ကိုအရင်ဆုံးအခန်းထဲပို့ပေးလို့ရမလား သူအရမ်းမူးလာလို့"
"အော် အင်းရတယ် ဧည့်ခန်းထဲမှာခဏစောင့်နေနော်"

Jin လည်းအောက်ထက်ကိုဆင်းလာတော့ Namjoon နဲ့ အတူ ဟိုကြည့်ဒီကြည့်ပြီးစူးစမ်းနေတဲ့ Jungkook ကိုမြင်လိုက်တော့

"ဒီနေ့ အန်တီ မရှိဘူး Uncle ကို ဆေးရုံစောင့်ပေးနေရလို့ အဲ့ကြောင့် ငါတို့ဒီနေ့ Jimin နဲ့အတူတူလာအိပ်ပေးတာ ဒါနဲ့မင်းလဲ Uncle သတင်းသိတယ်မလား"

"ဟုတ် သိပါတယ်"
"Jungkookရာ မင်းကွာ ပြန်ရောက်တာတောင်မပြောဘူး"
"ကျတော်က Hyung တို့ကိုအံ့ဩစေချင်ရုံသက်သက်ပါ ဒါပေမဲ့အခုလည်းအကုန်သိသွားကြပြီပဲကို"
"Jimin လေးဆီက မင်းသတင်းတွေအကုန်သိရပါတယ်နော် CEO ဖြစ်တဲ့အကြောင်းတို့ အရမ်းကိုတော်လာတဲ့အကြောင်းတို့ ပြီးတော့အရင်ကထက်ပိုပြီးပြောင်းလဲလာ....."

Namjoon စကားမလွန်ခင် Jin တစ်ယောက်က ဆိတ်ဆွဲလိုက်သဖြင့်

"အ့......"
"Namjoon Hyung ဘာဖြစ်တာလဲ ရရဲ့လား"
"အင်း ရပါတယ်"
"ဒါနဲ့ ဆက်ပြောလေ ခုနကဘာဖြစ်လို့လဲ"
"အာ ထားပါတော့ဘာမှမဟုတ်တော့ပါဘူး"

Jin တစ်ယောက်က စကားဖြတ်လိုက်ကာ

"ဒါနဲ့ Jungkook မင်းတို့ညီအစ်ကိုက Uncle တို့Companyမှာ ရှယ်ယာတွေထည့်ထားတာ ရှယ်ယာစုစုပေါင်းရဲ့ 3 ပုံ 1ပုံတောင်ရှိတယ်ဆို"
"အာ....ဟုတ်တယ် Hyung"
"ဘာလို့အဲ့လောက်အများကြီးထည့်ရတာလဲ"
"ဗျာ....."
"အာ Jinnie လေးကလဲဘယ်လိုပြောလိုက်တာလဲ ရှယ်ယာထည့်တာတောင်နည်းတယ် များတယ် မဟုတ်ဘူးလေ များများထည့်တော့ကောင်းတာပေါ့"
"ကဲ ထားပါလေ အခု Jimin လေးနဲ့တွေ့လာဝာာလား"
"မဟုတ်ပါဘူး သူနဲ့ Taehyung ရဲ့ အရက်သွားသောက်ကြတာ အဲ့တာ Hoseok က Taehyung ကို အိမ်ပြန်လိုက်ပို့ပြီး ကျတော့်ကိုကျJiminကိုလိုက်ပို့ဖို့ ဖုန်းဆက်လိုက်လို့ပါ"
"အော် မင်း ပြန်ရောက်ဝာာကို Hoseok လည်းသိနေတာလား"
"မဟုတ်ပါဘူး သူလည်းကျတော်ဆိုင်ရောက်မှသိတာ Taehyung ကလည်း သူ့ကိုစောစောကမှပြောပြီး Jimin ကိုအိမ်ပြန်ပို့ဖို့ ကျတော့်ကို ဖုန်းဆက်ခိုင်းတယ် တူပါရဲ့"
"အော် အဲ့တာဆိုလည်း ကျေးဇူးပါပဲ Jungkook"
"ဒါနဲ့Hyung တို့က လက်ထက်လိုက်ကြပြီလား"
"ဟုတ်တယ် ကျောင်းပြီးတော့ လုပ်ငန်းတွေအတည်တကျဖြစ်ပြီဆိုမှ လက်ထက်လိုက်တာ မနှစ်ကဆိုပါတော့"
"အော် ကျတော်တောင် မင်္ဂလာဆောင် မလာလိုက်ရဘူး"
"အဲ့တာတော့ဟုတ်တာပေါ့ ဒါနဲ့ မင်းကော ချစ်သူ အသစ်တွေ့နေပြီလား"
"အာ ဘယ်လိုပြောရမလဲ ကျတော်ချစ်ရတဲ့သူကတော့ ကျတော့်နှလုံးသားထဲမှာအမြဲရှိနေဆဲပါ"
"တကယ်ကြီးပြောင်းလဲသွားတာကို......."

𝐃𝐨𝐧'𝐭 𝐁𝐞 𝐎𝐬𝐭𝐞𝐧𝐬𝐢𝐛𝐥𝐞 *𝖪𝗈𝗈𝗄𝖬𝗂𝗇* ( Complete)Where stories live. Discover now