Part-13

2.3K 263 14
                                    

"Taehyung ရေ မင်းမပြန်သေးဘူလား 11 တောင်ခွဲပြီ"

"မင်းကပြန်စေချင်လို့လား"

"ဟာ မဟုတ်ပါဘူး မေးကြည့်တာပါ"

"ဒါမှမဟုတ် မင်း အိပ်ချင်နေလို့လား"

"မဟုတ်ဘူး ငါဒီနေ့မငိုက်သေးဘူး"

"အင်းပါ 12 ထိုးရင်ပြန်တော့မယ်လေ"

"အင်းပါ မင်းသဘောပဲ ဒါနဲ့ ငါ မင်းအတွက် အိပ်ရာလုပ်ပေးရအုံးမယ်"

"နေပါစေ ထားလိုက်တော့ ငါ အိမ်ပြန်အိပ်မှာပါ"

"မင်း ငါ့ကိုစိတ်ဆိုးသွားတာတော့မဟုတ်ဘူး
မလား"

"မဟုတ်ပါဘူးကွာ တကယ်ပါ"

"အင်းပါ အဲ့တာဆိုလည်း မင်းသဘောပါပဲ"

စာထဲကိုတကယ်စိတ်နှစ်လုပ်နေတော့ အချိန်တွေကုန်တာတရွေ့ရွေ့နဲ့ သတိမထားမိလိုက်ခင်
ကို 12 နာရီက တန်းပြီးရောက်သွားသလိုပင်

"ကဲ Jimin ရေ အဲ့တာဆို ငါပြန်တော့မယ်နော်"

"ငါ လိုက်ပိုရအုံးမလား"

"နေပါစေ ရပါတယ်"

"အာ့တာဆို ကောင်းကောင်းပြန်နော် Taehyung"

"မင်းကောပဲ ကောင်းကောင်းအိပ်အုံး"

"အင်းပါ မင်းကောပဲ"

"ဒါနဲ့ မနက်ဖြန်ကစပြီး Text မပြီးမချင်း
မင်း အိမ်ကို စာတူတူ လာလုပ်မယ်နော်"

"မင်းကလည်း ဒါက ခွင့်တောင်းစရာတောင်မလိုပါဘူးကွာ ငါကလည်းမင်းနဲ့တူတူစာလုပ်ရတော့ ပိုပျော်ပါတယ်"

"အင်းပါ အာ့တာဆို သွားပြီနော် Jimin"

"အင်း Taehyung"

Taehyung တစ်ယောက် ထွက်သွားပြီး မကြာ Jimin အိမ်တံခါးတွေပိတ် ‌ခြေလက်တွေအကုန်သန့်စင်ပြီးမှ အိပ်ရာထဲသို့၀င်လိုက်သည်
နာရီ၀က်ကြာလောက်ကြာပြီဖြစ်သော်လည်း Jimin တစ်ယောက်မှာ မအိပ်‌ချင်သေးဘူးဖြစ်၍ အိပ်ရာထဲ၌ဟိုလိမ့်ဒီလှိမ့်နဲ့ လူးလိမ့်နေသည်

"ဟာငါဒီနေ့ဘယ်လိုဖြစ်တာလဲ 12တောင်ခွဲ‌နေပြီ အိပ်လို့လဲမပျော်သေးဘူး"

ထိုအချိန်တွင်

From Koo💬

🐰အိပ်နေပြီလား ကျတော့် Mochi လေး
🐥ဟင့်အင်း မအိပ်သေးဘူး အိပ်မပျော်လို့
🐰ဒါဆို ဖုန်းခဏဆက်လို့ရမလား
🐥အင်း

𝐃𝐨𝐧'𝐭 𝐁𝐞 𝐎𝐬𝐭𝐞𝐧𝐬𝐢𝐛𝐥𝐞 *𝖪𝗈𝗈𝗄𝖬𝗂𝗇* ( Complete)Where stories live. Discover now