Part-2

5.1K 520 1
                                    

"Hyungကကျတော်နဲ့ဆိုရင်စကားအရမ်းနည်းတာပဲနော် စကားလည်းတစ်ခါတစ်ခါထစ်ထစ်သွားသလိုပဲ"

"ဟင်...."

သူပြောတာ အမှန်တွေချည်းပါပဲ ကျတော်မသိလိုက်ခင်ကို သူ့ကြောင့်ပြောင်းလဲတတ်သွားတဲ့ အကျင့်တွေကအရမ်းများသိသာလွန်း‌နေလို့
သူရိပ်မိနေပြီထင်ပါရဲ့
ဟူးး Park Jimin မင်းက မင်းခံစားချက်တွေကိုတောင်ကောင်းကောင်း မထိန်းချုပ်နိုင်သေးဘူးပဲ

" Hkhk မင်းထင်လို့ပါကွာ Hyung က ပုံမှန်ပါပဲ"

"ဟုတ်လား....အင်းပါ"

Hyung က ကျတော့်ထက် လပိုင်းလောက်အသက်ကြီးတယ်ဆိုပေမယ့်လည်း လူကြီးဖြစ်တဲ့ Hyung က ညာတယ် အဲ့လောက် Hyung အမူအရာတွေကသိသာလွန်းနေတာကို ဘာလို့ညာချင်ရတာလဲ ကျတော်သိနေပါတယ်

အဲ့ဒီနောက် အတန်းဆီကိုသွားတဲ့ လမ်းတစ်လျှောက်မှာ အတွေးကိုယ်စီနဲ့လွင့်‌မြောနေရင်း သူတို့ ဘာစကားမှမပြောဘဲ ငြိမ်သက်နေကြလေတယ်တဲ့လေ

Jimin 's Pov

ဟုတ်တယ် သူ့ရှေ့ရောက်သွားတိုင်း
ပြောင်းလဲသွားတဲ့ ကျတော့်ကိုကျတော်
သိတာပေါ့ ကျတော်ကသူ့နဲ့အရမ်းကွဲပြားတာ ကျတော့်အကျင့်နဲ့သူ့အကျင့်တွေကပြောင်းပြန်
ကျတော် က အရမ်းတည်ငြိမ်တယ် အပေါင်းအသင်းရှေ့မှာသိပ်လည်းစကားမပြောတတ်သလို ကွယ်ရာမှာလည်းစကားကို
မပြောဘူး ဒါပေမဲ့ ခင်မင်ရတဲ့သူတွေ သူငယ်ချင်း‌တွေနဲ့ဆိုအရမ်းစကား‌ ပေါတတ်တဲ့ကျတော်ကတော့ သူ့ရှေ့ရောက်ရင်
တုပ်တုပ်မျှမလုပ်တဲ့ ကျောက်ရုပ်တစ်ရုပ်လိုဖြစ်သွားသလိုမျိုး

Jungkook's Prov

တစ်ခုခုဖြစ်လို့ရီလိုက်တိုင်း ‌မျက်လုံးလေးတွေနစ်၀င်သွားပြီး လှလှလေး ပြုံးပြတတ်‌တဲ့ Hyung က ကျတော့်ရှေ့မှာ ရီစရာရှိရင်တောင် ၊ အရမ်းရီရတဲ့ဟာသတွေကြားတာတောင် မကြားသလိုဟန်ဆောင်နေလေရဲ့

"Jungkook"

"......."

"Jungkook!"

"အင်း အင်းHyung ဘာလဲဟင်"

"အခန်း၀တောင်ရောက်နေပြီလေ ဘာတွေတွေးနေတာလဲ တံခါးပေါက်ရှေ့မှာပဲရပ်နေတော့မှာလား"

𝐃𝐨𝐧'𝐭 𝐁𝐞 𝐎𝐬𝐭𝐞𝐧𝐬𝐢𝐛𝐥𝐞 *𝖪𝗈𝗈𝗄𝖬𝗂𝗇* ( Complete)Where stories live. Discover now