Part-5

3.7K 383 15
                                    

"Taehyung ငါ Toilet ခဏသွားလိုက်အုံးမယ်"

"ဟုတ်Yoongi Hyung ဒါနဲ့လေဟိုနားကwaiter
ဆီကColaဘူးလေးယူပေး‌ပေးပါလား"

"အော်‌ အေး မင်း မသောက်ဖူးထင်လို့လေ
ငါဘာမှယူမထားမိတာ"

"ဟုတ် အခုကျတော်တစ်ခုခု
သောက်ချင်လာလို့ပါ"

Yoongi Hyung က Waiterကောင်လေးဆီမှ Cola တစ်ဗူး‌ယူပြီး ကျတော့်ဆီပစ်ပေးလိုက်သည်
ကျတော်လည်း Colaဗူးလေးကို ဖောက်လိုက်ရင်း

"Hoseokie Hyung မှာကြိုက်နေတဲ့သူရှိလားဟင်"

Taehyung က ဒီလိုကိစ္စတွေမှာ Jimin ထက်တစ်ပန်းသာ သောသူသည်ဖြစ်သည် ‌
ခြေသွက်လက်သွက်ရှိသည့် Taehyung က
သူသိချင်တာဆိုရင်မရရအောင်မေးသည်
လွယ်လွယ်နဲ့လဲမပျော့ညံ့သလို
လက်မလျော့ခဲ့ပါ
Jimin က Jungkookနဲ့ပတ်သတ်လို့
ခံစားလွယ်တိုင်း ၀မ်းနည်းတိုင်း အားလျော့တိုင်း Taehyung ကပဲဘေးကနေကူညီဖေးမကာအားပေးခဲ့သည့် ကောင်လေးပင်

Hoseok ကလည်း မူးသာမူးနေတာ သူ့ကိုမေးသည့်အသံကြားတော့ လေးပင်ချင်းမရှိစွာချက်ချင်းဖြေလိုက်ပါသည်
အရက်နဲနဲမူးနေလို့‌ မျက်လုံးရွဲကြီးဖြင့်ကြည့်ကာဖြေနေသည်ကလွဲလို့ပေါ့

"ဘာကြီး အော် Hyung မှာလား ?
ကြိုက်တဲ့သူမရှိပါဘူး "

"အော်.. ဟုတ်လား "

Taehyung ကျေနပ်သွားသည် သူထပ်ကြိုးစားဖို့အတွက်အခွင့်အလမ်းတွေအများကြီးရှိသွားပြီကိုသူသိလိုက်ရပြီမဟုတ်လား
တကယ်လို့ Hoseokie မှာ ချစ်သူရှိနေလည်း
သူကဆက်ပြီးကြိုးစားနေမည်ဟုအစကတည်းကဆုံးဖြတ်ခဲ့သော်လည်း
အခုကနည်းနည်းတော့အသက်ရှုချောင်သွားရသည်မှာ အမှန်ပါပေ

"ဒါနဲ့ Taehyung မှာကောကြိုက်တဲ့သူရှိလား"

ပျာတီးပျာယာဖြစ်သွားကာ လက်သည်းတွေကိုကိုက်နေရင်း ချက်ချင်းလိုပင် Strawberry သီးကဲ့သို့ ချက်ချင်းနီတွတ်သွားတဲ့ Taehyung မျက်နှာလေး

သူ့တို့ဝိုင်းမှာမီးရောင်နဲနဲပဲရှိတာမလို့ Hoseok က သူ‌ မေးတာကိုပြန်မဖြေတဲ့ Taehyung ကို အတင်းကြည့်နေရ၏
မူးနေတာလည်းပါတော့ မြင်ကွင်းထဲက Taehyung ကို သိပ်ပြီးတော့ရှင်းရှင်းလင်းလင်းမမြင်ရတော့ဘူးလေ

𝐃𝐨𝐧'𝐭 𝐁𝐞 𝐎𝐬𝐭𝐞𝐧𝐬𝐢𝐛𝐥𝐞 *𝖪𝗈𝗈𝗄𝖬𝗂𝗇* ( Complete)Where stories live. Discover now