Part-7

3K 356 4
                                    

"Jimin ရေထတော့"

"ဟင် ... Hyungဘာလဲ"

"ထတော့လို့ သွားစရာရှိလို့"

"ဘယ်သွားရမလဲHyungရဲ့"

Super Sunday လေး ဖြစ်သဖြင့် အိပ်ရေး၀၀အိပ်မည်ဟုအားတင်းခဲ့သမျှ အခုတော့ အကြံပျက်ပြီတူပါရဲ့

"ဒီနေ့Namjoonအလုပ်လုပ်မယ်ဆိုတဲ့ ပန်းချီပြခန်းမှာ ဒီနေ့ပန်းချီကားအသစ်တွေရောက်လို့တဲ့ အဲ့တာ Namjoon ကငါတို့ကိုဖိတ်လို့ သူ‌လည်းနောက်ဒီလုပ်ငန်းကိုလုပ်ရမယ်ဆိုတော့လေ ငါလည်းသိဖို့လိုတယ်မလား"

"အာ အဲ့တာHyung ပဲလိုက်သွားလိုက်ရင်ရတာပဲကို"

"လျှာမရှည်နဲ့ Jimin အခုချက်ချင်းထပြီး နောက်တစ်နာရီအတွင်းအရောက်လာခဲ့ အော်မေ့တော့
မလို့ Taehyung ကိုပါတစ်ပါတည်းခေါ်ခဲ့ ကြားလား"

"အာ ဟုတ် ပြီးရောဗျာ"

"ကဲ အဲ့တာဆိုလည်း မြန်မြန်ထတော့
အောက်မှာ Coffee နဲ့ မုန့်စားလာခဲ့ Hyung သွားတော့မယ် ကြားလား"

"ဟုတ် ထပြီလို့ Jin Hyung yaa....."

Park Jimin တစ်ယောက် နံနက်စာအမြန်စားပြီးတော့ T-shirt အဖြူ‌လက်ရှည်လေး နဲ့ Jeansဘောင်းဘီအပြာနုရောင် ဒူးပြဲလေးကိုလျင်မြန်စွာ၀င်ဆင်လိုက်ကာ Taehyung အိမ်သို့အမြင်ပြေးရလေတော့သည်

"Taehyung ရေ တံခါးဖွင့်ပေးပါဦ်း Jimin ပါကွ"

တစ်မိနစ်မျှအော်ခေါ်နေသော်လည်း Taehyung တစ်ယောက်ရောက်မလာသဖြင့်

"Taehyung..ya..ငါ၀င်ခဲ့တော့‌မယ်နော် အယ် တံခါးကြီးကလည်းပွင့်နေတာပါလား"

"Taehyung ရေ ဘယ်မှာလဲ ငါ၀င်ခဲ့ပြီနော်Taehyung ရေ"

ဧည့်ခန်း မီးဖိုချောင် နှင့် ရေချိုးခန်း Toilet တို့တွင်ပါTaehyung ကိုမတွေ့ရသည့်အတွက်

အဲ့တာဆို Taehyung ကတစ်ခုခုဖြစ်လို့များလား သူ့အခန်းထဲ အာ ဟုတ်တယ် သူ့အခန်းကျန်သေးတာပဲ

Taehyung အခန်းကို၀င်သွားလိုက်တော့ Jimin တွေ့လိုက်ရသည်က စောင်အပုံလိုက်ကြီးကြားမှာကွေးကွေးကြီးအိပ်နေတဲ့ Taehyung အနားကိုသွားကြည့်ဝောာ့ လူကလည်းတစ်ခါတစ်ခါတုန်တုန်လာပြီး ပါးစပ်ကလဲ ချမ်းတယ် ချမ်းတယ် လို့ပြောနေသည့်အတွက် နဖူးကို
လျင်မြန်စွာစမ်းကြည့်လိုက်တော့ ပူကျစ်နေတာပဲ

𝐃𝐨𝐧'𝐭 𝐁𝐞 𝐎𝐬𝐭𝐞𝐧𝐬𝐢𝐛𝐥𝐞 *𝖪𝗈𝗈𝗄𝖬𝗂𝗇* ( Complete)Where stories live. Discover now