Part-12

2.4K 291 8
                                    

Jungkook နဲ့ Jimin တို့တွဲနေသည်မှာ တစ်လပင်ပြည့်တော့မည်ဖြစ်သည်
ဒီတစ်လအတွင်းမှာ Jungkook ဘက်ကနေပြီး Jimin ကို လက်ကိုင်ရုံသည်ကလွဲ၍အခြားဘာမှ အဆင့်မတတ်ခဲ့ပေ
သူ Jimin ကိုပြောသည်ကတော့ လက်ထက်ပြီးမှ အပိုင်သိမ်းပါရစေတဲ့
အခုထိတော့သူ့ကိုအရမ်းတန်ဖိုးထားလွန်းလို့ လက်ကိုင်တဲ့အဆင့်ပဲရှိမှာမလို့ Jiminသူ့ကိုအပြည့်အ၀ယုံကြည်ပေးပါတဲ့လေ
ထို့ကြောင့် Jimin တစ်ယောက်လည်းအရမ်းပျော်နေသည် မဟုတ်ပါလော
သူ့အရမ်းချစ်ရတဲ့သူက သူ့ကို ပြန်ပြီး ဒီလောက်တောင်တန်ဖိုးထားတဲ့အတွက် သူလည်း
အရမ်းကို၀မ်းသာနေရပါသည်တဲ့လေ

သူတို့တွဲနေသည်ကိုမသိသည်မှာ Namjoon နဲ့ Yoongi Hoseok ပဲကျန်တော့သည်
အစကပြောမယ်ပြောမယ်ချိန်နေပြီး နောက်ပိုင်း‌တွင်ကျောင်းမှာလည်းသိပ်မတွေ့ရသည့်အတွက်မပြောဖြစ်ခြင်းပင်ဖြစ်သည် သို့သော်လည်း Jimin နဲ့ Jungkook တို့မသိသည်က Namjoon မှာ Jin ကြောင့် သိနေတာကြာပြီဖြစ်သလို Hoseok နဲ့ Yoongi မှာလည်း Taehyung တစ်ယောက်ကြောင့် သူတို့စတွဲတဲ့နေ့ကတည်းကသိနေပြီးသားဖြစ်သည်

တစ်ဖက်က Hoseok နဲ့ Taehyung တို့ကလည်း တစ်ယောက်နဲ့တစ်ယောက်ဖွင့်လဲမပြော ချစ်သူမဟုတ်ဟုသာဆိုတယ် တစ်ယောက်က ကောက်လိုက် တစ်ယောက်ကပြန်ချော့လိုက်

Hoseok မိန်းကလေးတွေနဲ့တွဲသွားတာမြင်ရင် ထပ်ကောက်လိုက်
ဟိုကလည်းအကောက်မခံ မရရအောင်ပြန်ချော့လိုက်နဲ့ မသိရင် အတွဲတွေကြနေတာပဲ
တစ်ယောက်နဲ့တစ်ယောက်ချစ်နေကြတာပဲ
ဖွင့်ပြောကြပါလားလို့ ‌Jimin နဲ့ Yoongi ကအကြံပေးသော်လည်း နှစ်ယောက်လုံးရဲ့အဖြေကတော့ ဒီတိုင်းလေးပဲကောင်းပါတယ်တဲ့လေ

Taehyung ကတော့ ဖွင့် မပြောတာတောင်
သူ့ကိုမချစ်ပဲနဲ့တော့ သူ့အလိုလိုက်နေမှာမဟုတ်ဘူးတဲ့ဆိုပြီး ဒီတစ်လောတော့ Taehyung တစ်ယောက် ဒီတိုင်းလေးငြိမ်နေဝာာပါပဲ

"Hoseok မင်းစာတွေလုပ်လှချည်လား
ငါ့ကောင်ရ စကားပြောပါအုံးဟ"

"အံမယ် မင်းတစ်ချိန်လုံး Jin နဲ့စကားပြောနေတာလေ သူ့နဲ့ပြောလို့၀မှ စကားမပြောတဲ့
ငါ့လက်လှည့်လာတယ်ဟုတ်လား"

Yoongiကပါ စကားဝိုင်းတွင် Join လိုက်ကာ

"မကြိုးစားလို့မရဘူးလေ Namjoon ရဲ့
စာအတော်ဆုံးဆိုတဲ့နေရာကနေ
သူဆင်းလို့မဖြစ်ဘူးလေကွာ"

𝐃𝐨𝐧'𝐭 𝐁𝐞 𝐎𝐬𝐭𝐞𝐧𝐬𝐢𝐛𝐥𝐞 *𝖪𝗈𝗈𝗄𝖬𝗂𝗇* ( Complete)Where stories live. Discover now