Part-4

3.8K 448 3
                                    

မီးရောင်တစ်လက်လက်တွေကြား ‌
ယောကျာ်း မိန်းမ ရှုပ်ထွေးလျက် အသိစိတ်လွတ် အောင် ကနေကြတဲ့သူတွေ နဲ့ အတူ အရက်နံ့တွေတထောင်းထောင်းကလည်း မပါ
မဖြစ် မွှန်ထူနေလေ၏

တစ်ချို့လူတွေကမမြင်လို့လား မူးလို့လားမသိ
လူလာတာမြင်ရဲ့သားနဲ့ကိုတိုက်တိုက်သွားကြသည်
လူတွေအရမ်းကြပ်သောကြောင့်အတင်းတို့ဝှေ့ကာသွားရသဖြင့် လူအရမ်းကြပ်တဲ့နေရာသို့
ရောက်ခဲသောTaehyung အတွက် တစ်ချက်ချက် အသက်ရှုမွန်းကြပ်စေသဖြင့်
သူ အနေရခက်လေသည်

ထိုအချိန်တွင် Taehyungကို လူတစ်ယောက်ကခပ်ကြမ်းကြမ်း၀င်တိုက်သွားပြီး သူသောက်လက်စ ဝိုင် တစ်၀က်လောက်က Taehyung အင်္ကျီ ပေါ်သို့ ဖိတ်ကျသွားသဖြင့်

"ဟာ ခင်ဗျားမမြင်ဘူးလား"

"မမြင်လို့တိုက်မိတာလေ ဘာဖြစ်လို့လဲ"

"အဲ့တာဆို‌လဲတောင်းပန်လေ"

"ဟာအစွာလေးဘဲ"

"ဘာဗျ!"

Taehyung က Yoongi နှင့် Hoseok တို့နောက်ကနေကပ်လိုက်လာခြင်းဖြစ်၍ Taehyung နောက်ကနေပါမလာသည်ကို Hoseok ချက်ခြင်းရိပ်မိသွားလေတော့၏

"ဟေ့ကောင်Yoongiမင်းသွားနှင့်"

"ဘာလို့လဲ"
"Tae ကျန်နေခဲ့ပြီ ထင်တယ် ငါသွားရှာလိုက်အုံးမယ် သူလမ်းပျောက်နေရင်ဒုက္ခပဲ"

"အေး မြန်မြန်သွား"

တစ်ဖက်တွင်လည်း

"စွာတယ်ဘာဖြစ်ချင်လဲ ခင်ဗျားအခုချက်ချင်းပြန်တောင်းပန်စမ်း ခင်ဗျားကြောင့်ကျတော့် အင်္ကျီမှာ ဝိုင်တွေစွန်းသွားပြီ"

ထိုစဉ် Hoseok ရောက်လာပြီး

"Tae လေး ဘာတွေဖြစ်နေတာလဲ"

"ဒီမှာလေ အဲ့လူကြောင့် ကျတော့်အင်္ကျီတွေစွန်းသွားပြီ"

Taehyung က ထိုသူကို လက်ညှိုးထိုးကာ
Hoseok ကို ကလေးတစ်‌ယောက်လို
ဆူပုတ်ပုတ် တိုင်ပြောနေလေသည်

"ဒီမှာ ကျတော်ကလည်း မတော်တဆ၀င်တိုက်မိသွားတာပါ"

"ကဲ ဘယ်သူမှားမှား ကျတော်ပဲကြားထဲကတောင်းပန်တယ်နော်"

𝐃𝐨𝐧'𝐭 𝐁𝐞 𝐎𝐬𝐭𝐞𝐧𝐬𝐢𝐛𝐥𝐞 *𝖪𝗈𝗈𝗄𝖬𝗂𝗇* ( Complete)Where stories live. Discover now