Part-17

1.8K 221 4
                                    

"သားငယ်လေးတို့ပြန်လာပြီလား အယ်ဒါနဲ့သားငယ်လေးတို့က.."

Hoseok က Taehyung လက်ကိုကျစ်ကျစ်ပါအောင်တွဲလာခြင်းကို Dawon တစ်ယောက်မြင်၍မေးမိလိုက်ခြင်းဖြစ်သည်

"Tae ခဏစကားပြောလို့ရတယ်မလား အခုက Tae အလုပ်ချိန်မလား"

"ခဏကတော့ရပါတယ် Tae က overtime ဆင်းပေးတာ အသိတစ်ယောက်ကနေမကောင်းလို့လေ သူကသူ့တစ်ရက်လစာကိုယူလိုက်တဲ့ Tae ကလည်းငြင်းပေမဲ့ သူကအကူအညီတောင်းနေတာနဲ့ပဲ လုပ်မိလိုက်တာပါ"

"အမ Dawon..."

"အင်း သားငယ်လေး"

"ဒါ ကျတော့် ကောင်လေးလေ"

"အော်....."

Taehyung က Dawon ကိုကြည့်ပြီး စိုးရိမ်လာသည် သူ့ မောင်လေးနဲ့ ထပ်မပတ်သတ်နဲ့လို့များပြောလာမလား ချက်ချင်းလမ်းခွဲပေးတော့လို့ ပြောလာမလား လို့တွေးပြီး ချွေးဇောတွေတောင်ပြန်လာသည်

"သားငယ်လေးရဲ့ ကောင်လေး ကချစ်စရာလေးပဲ"

"အမ ကျတော်တို့ကိုသဘောတူလားဟင်"

"သဘောတူပါတယ် သားငယ်လေးချစ်တဲ့သူပဲ မေမေလည်း သိရင် အမနဲ့ထပ်တူသူ့ကိုချစ်ပေးမှာပါဒါနဲ့ သားငယ်လေးကသူ့ကိုလက်ထပ်ဖို့ထိရည်ရွယ်တာလား"

"ဟုတ်ပါတယ်အမ Dawon ကျတော်သူ့ကိုပဲ လက်ထပ်မှာပါ"

မထင်မှတ်ထားတဲ့ Hoseok ရဲ့ စကားကြောင့် Taehyung အတိုင်းမသိ၀မ်းသာသွားပြီး မျက်ရည်ကျမိသည် Hoseok က သူ့ကို လက်ထက်မည်ဆိုတဲ့အကြောင်းတစ်ခါမှမဟဖူးပေ သူလဲထိုကဲ့သို့သော စကားကို သူ့ရဲ့ ချစ်ရသူဆီကတော့ မျှော်လင့်မိသည်ကတော့ အမှန်ပါ

Taehyung's Prov

Hosik က ငါ့ကို လက်ထက်ဖို့ထိတောင်ရည်ရွယ်ခဲ့တာလား တကယ်ထင်မထားမိခဲ့ဘူး ပျော်လိုက်တာ Hyung ရယ် ကျတော်တကယ်ကျေနပ်နေပါပြီ

Hoseok က Taehyung ဘက်ကိုတစ်ချက်လှည့်ကြည့်လိုက်တော့

"Tae ဟင် Tae ဘာလို့ငိုနေတာလဲ ကိုယ် ဘာအမှားပြောမိလိုက်လို့လဲ ဟာ မငိုနဲ့လေကွာ"

"မဟုတ်ပါဘူး Hosik ကျတော်ပျော်လို့ပါ ကျတော့်ကို လက်ထပ်မယ်လို့ တစ်ခါမှမပြောဖူးလို့လေ"

𝐃𝐨𝐧'𝐭 𝐁𝐞 𝐎𝐬𝐭𝐞𝐧𝐬𝐢𝐛𝐥𝐞 *𝖪𝗈𝗈𝗄𝖬𝗂𝗇* ( Complete)Where stories live. Discover now