သူမ ဆီမှ အဲလိုစကားမျိုးကြားရလိမ့်မယ်လို့
တစ်ခါမှမမျှော်လင့်ဖူးဘူး။

အရင်ကအရမ်းနားလည်ပေးတဲ့
ဒီကောင်မလေးက အခုမှဘာဖြစ်နေတာလဲ။
တွေဝေနေပါပြီ။

"ဘာမှပြန်မဖြေတော့ ဒို့ပြောတာတွေကအမှန်တွေပေါ့"

သူမကပြောလဲပြောရင်း
ကျွန်တော့်ကိုကုတင်ပေါ်သို့တွန်းချလိုက်သည်။

"မင်းဘာလုပ်တာလဲ LiLi"

"ဒို့ကောင်လေး ထွက်မပြေးအောင်
ချုပ်ဆေးလေ ချုပ်ဆေး"

"ဟင့်အင်း မလိုချင်ဘူး ငါ"

သူမက ကျွန်တော့်အပေါ်ကနေပြီး
ကြယ်သီးသုံးလေးလုံးဖြုတ်လိုက်သည်။
ကျွန်တော်အရမ်းအံ့ဩတယ်။
အရင်ကအေးအေးဆေးဆေးနေတတ်တဲ့သူက
အခုမှဘာဖြစ်နေတာလဲမသိ။

"မိန်းကလေးအရသာကို
ဒို့ကောင်လေးကမသိသေးလို့ပါ"

"မလိုချင်ဘူ ငါမသိချင်ဘူး"

"ဒို့ကောင်လေးကိုပါရမီဖြည့်ပေးချင်တယ်"

ကျွန်တော်တစ်ခုခုပြောလိုက်ရင်
သူမရှက်သွားမှာစိုးသဖြင့်ငြိမ်နေလိုက်မိသည်။

ထို့နောက်ကျွန်တော့်လက်တစ်ဖက်ကိုဆွဲယူကာ
သူမရဲ့ မို့မို့မောက်မောက်ရင်သားနှစ်စုံအပေါ်သို့
နေရာချပေးလိုက်သည်။

ဒီအချိန် မမျှော်လင့့်တဲ့ကိစ္စတွေဖြစ်လာမယ်လို့
ဘယ်သူကကြိုတွေးမိမလဲ။

ဟုတ်ပါတယ်ကျွန်တော့်အတွက်
မုန်တိုင်းတွေစတင်ရောက်လာပါပြီ။
Prem ထွက်သွားတာကို
ပြင်းထန်တဲ့မုန်တိုင်းထင်ဟုနေပေမယ့်
အဲတာလေပွေအကြီးစားအဆင့်လောက်ဘဲရှိခဲ့သည်။
.................................................................
Prem🖤

အခုအချိန်လောက်ဆို
အကိုBounလည်းကျောင်းသွားလောက်ပြီ။
အခန်းထဲကျန်ခဲ့တာလေးတွေသိမ်းရန်
လာခဲ့သည်။

နောက်တစ်ပတ် လန်ဒန် မှာ
ပညာသွားသင်ရန်အတွက်
ကျောင်းမှာလည်း
ကျောင်းပြောင်းလျှောက်လွှာတင်ပြီးပြီ။

အကို့ကိုမခွဲနိင် မမေ့နိုင်ပေမယ့်
အနေဝေးလို့သွေးအေးသွားမယ်ဆိုတဲ့အတိုင်း
အကိုနဲ့အဝေးဆုံးကိုထွက်သွားတာပါ။

Back To You Where stories live. Discover now