အခန်း - ၂၅ (ကွေလိုင်စံအိမ်)

Börja om från början
                                    

သို့နှင့် နှစ်ယောက်သားမှာ တစ်ညလုံး ဟိုလှည့်ဒီလှည့်နှင့် တော်ရုံအိပ်မပျော်ကြ။ မနက်မိုးသောက်တော့ ရှစ်ဇီက တစ်စုံတစ်ယောက်နှင့် စကားစမြည်ပြောဆိုနေသည့် အသံခပ်သဲ့သဲ့ကို ချူယွမ်လှမ်းကြားနေရသည်။

ချူယွမ်လည်း အပေါ်၀တ်ရုံ သေချာခြုံလိုက်ပြီးမှ သလွန်တော်ထက်က ဆင်းလာ၏။ရှစ်ဇီလည်း ကိုယ်လက်သန့်စင်ရန် သုံးတော်ရေကို ယူဆောင်လာပေးရင်း ပြုစုသန့်စင်ပေးနေရင်း ပါးနပ်စွာ မေးကြည့်လာသည်။

"မနက်စာအတွက်ကတော့ သွမ့်၀မ် ၀ယ်လာပြီးသားမုန့်တွေရှိပါတယ်ဘုရား။ အဲ့မုန့်တွေနဲ့ပဲ ပွဲတော်တည်မလား၊ ဒါမှမဟုတ် မြင်းတပ်စခန်းက စားတော်ကဲကိုပဲ ချက်ပြုတ်စီမံခိုင်းလိုက်ရမလားဘုရား"

ချူယွမ်က ပု၀ါစဖြင့် မျက်နှာကို သေချာသန့်ရှင်းစွာ သုတ်လိုက်ပြီးနောက် တံခါးကိုဖွင့်ကြည့်လိုက်တော့ သွမ့်ပိုင်ယွဲ့မှာ လက်စွဲတော်ဓားကို ပိုက်ကာ လေသာဆောင်အောက်ရှိ ကျောက်သားလှေကားထိပ်၌ ထိုင်နေသည်ကိုတွေ့ရ၏။ သူ၏ရှေ့မှောက်၌ အငွေ့တထောင်းထောင်းထနေဆဲဖြစ်သော ပူပူနွေးနွေး နံနက်စာများ ထည့်ထားသည့် အိတ်များ ချထားလေသည်။

သူ့ကိုမြင်တော့ သွမ့်ပိုင်ယွဲ့က ချက်ချင်းလှမ်းမေးလာ၏

"စားမယ်မလား.....သိုးခြေထောက်ကင်သွတ်ထားတဲ့ မုန့်ကြော်တဲ့။ ဆိုင်ရှင်ပြောသလောက်တော့ ဆိုင်မှာ ဒီမုန့်မျိုးတင်ရောင်းဖို့ ရှီးယွီက စားဖိုမှူးတစ်ယောက်ကိုခေါ်ပြီးတော့တောင် ချက်ခိုင်းထားတဲ့ မုန့်တွေတဲ့"

(T/N : ရှီးယွီဒေသက လက်ရှိခေတ်မှာဆိုရင် တာကစ္စတန်နိုင်ငံတစ်၀ိုက်ကို ရည်ညွှန်းတာပါတဲ့)

သိုးသားဟူသောစကားကြားတော့ ချူယွမ်မှာ မနေ့ညကတွေ့မြင်ခဲ့သည့် ရှီးနန်၀မ်ပုံကြီးကိုပါ အမှတ်ရသွားမိသည်။

"ဘာဖြစ်လို့လဲ"

ချူယွမ် ဘာမှပြန်မဖြေတော့ သွမ့်ပိုင်ယွဲ့မေးလာခြင်းဖြစ်သည်။ ချူယွမ်က ရယ်ချင်နေသော မျက်နှာပိုးကို မနည်းသတ်ထားရင်းနှင့်မှ -

ဧကရာဇ်ဗျူဟာ [Di Wang Gong Lue]Där berättelser lever. Upptäck nu