Innocent Murder 12 - Provoke

3.1K 568 13
                                    

Zawgyi

" တကယ့်ကို ထူးဆန်းနေတာပဲ"
အလောင်းစစ်ဆေးရန် ပြန်လာခဲ့သော Gongsun က မျက်မှောင်ကြုံ့လိုက်သည်။

" ဘာက ထူးဆန်းတာလဲ"
Zhan Zhao နှင့် Bai Yutang တို့က တအံ့တသြဖြင့် ​ရှေ့သို့ တိုးလာကြ၏။

" ဒီကိုကြည့်..."
Gongsun က Pang Xiaoqin ဝတ်စုံ၏ အနောက်ဘက်ရှိ ဇစ်ကို ပြ၏။

" ဒါက ဘာကြီးလဲ"
Bai Yutang က ဇစ်နေရာကို ကြည့်၍ အနောက်နားတွင် ပြောင်ပြောင်လက်လက်ဖြစ်နေသော ပန်းရောင်အစလေးကို တွေ့သွားသည်။

" လက်သည်းဆိုးဆေး"
Gongsun က သေဆုံးသူ၏ လက်ကို Bai Yutang အား ပြလိုက်သည်။ Pang Xiaoqin ၏ လက်သည်းများတွင် ဇစ်တွင် ပေနေသော ပန်းရောင်နှင့် တစ်ပုံစံတည်း လက်သည်းဆိုးဆေးကို ဆိုးထား၏။ ထို့အပြင် ညာဘက်လက်၏ လက်ခလည်နေရာမှ လက်သည်းဆိုးဆေးမှာ ပျက်နေသည်ကို တွေ့လိုက်ရ၏။ ဇစ်နှင့် ထိစဉ် ပျက်သွားခြင်း ဖြစ်နိုင်သည်။

" ဒါက ဘာကို ပြောချင်တာလဲ"
Bai Yutang နှင့် Zhan Zhao တို့ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။

Gongsun က ခေါင်းယမ်းကာ မှုခင်းဆေးတပ်ဖွဲ့မှ မိန်းကလေးတစ်ယောက်ကို ခေါ်လိုက်သည်။
" ဒီကို ကြည့်ကြည့်ဦး... ဘာတွေ ထူးဆန်းနေလဲ"

" ထူးဆန်းတာပေါ့"
မိန်းကလေးက သူ့မေးကို ကိုင်ကာ ခေါင်းညိတ်လိုက်သည်။
" ဒီလို ခဲရည်ကြည်ပါတဲ့ လက်သည်းဆိုးဆေးမျိုးက ခြောက်ဖို့ တော်တော်ကြာတယ်... အနည်းဆုံး ဆယ့်ငါးမိနစ်လောက်တော့ စောင့်ရမှာ... အခုအခြေအနေအရဆို Pang Xiaoqin က လက်သည်းဆိုးဆေး မခြောက်ခင် အင်္ကျီဝတ်လိုက်မိတဲ့ ပုံပဲ..."

ယောက်ျားလေးတစ်သိုက်က ခေါင်းညိတ်၍ ဖြစ်နိုင်ကြောင်း ထောက်ခံကြသည်။

" ဒါပေမဲ့ သူ့ရဲ့ ဝတ်စုံက ဒီလောက် ဈေးကြီးတာ.. သာမန်လာတွေဆို လက်သည်းမဆိုးခင် အင်္ကျီ အရင် ဝတ်ကြမှာ... "
မိန်းကလေးက ထပ်၍ လေးနက်စွာ သုံးသပ်သည်။
" တွေးကြည့်မယ်ဆိုရင်..  လက်သည်းဆိုးဆေး ဆိုးပြီးမှ အင်္ကျီဝတ်ရင် လက်သည်းဆိုးဆေးလဲ ပျက်မယ်... အင်္ကျီလဲ ပျက်မှာပဲ.."

" သေချာတာပေါ့.. မိန်းကလေးတွေက အင်္ကျီ ဝတ်ပြီးမှ ဖြစ်ဖြစ် လက်သည်းဆိုးဆေး ခြောက်မှဖြစ်ဖြစ် လုပ်မှာပါပဲ..."

Special Crime Investigation Journal Of Mystery Book 2 - CompletedWhere stories live. Discover now