Love Murder 05 - ထောင်ချောက်

832 161 12
                                    

Unicode

ကျန်းရင်းက သူပေးချင်သည့် အချက်အလက်မှာ ဘယ်လောက်အရေးကြီးကြောင်း ပြောဆိုကာ ပေါင်ကျန့်နှင့် ကိုယ်တိုင်တွေ့ကာ ပြောပြလိုကြောင်း ဆိုသည်။ ထပ်ပြောရမည်ဆိုလျှင် ကျန်ကျောက်နှင့် ပိုင်ယွိထန်ကို သူ့ကိုကာကွယ်ဖို့ အစောင့်ထားပေးရန် တောင်းဆိုသေးသည်။ ဒီအချက်အလက်ကြောင့် သူ့ကို လူတွေ လိုက်သတ်နေသည်ဟု ပြောသေးသည်။

ကျန်ကျောက်နှင့် ပိုင်ယွိထန်တို့က အချင်းချင်းတစ်ယောက်ကိုတစ်ယောက်ကြည့်၍ အခန်းထဲဝင်ကာ ဆွေးနွေးကြသည်။

" ရှောင်ပိုင်.. ဒီအမျိုးသမီးက ထူးဆန်းနေတယ်လို့ ငါထင်တယ်"
ကျန်ကျောက်က စပြောသည်။

" အင်း"
ပိုင်ယွိထန်က ခေါင်းညိတ်ကာ ဆက်ပြောသည်။
" Bao Sir က်ို မေးကြည့်မှာလား"

" အင်း"
ကျန်ကျောက် သဘောတူလိုက်တော့ ပိုင်ယွိထန်က ဖုန်းထုတ်ကာ ပေါင်ကျန့်ကို ဖုန်းခေါ်သည်။ ခဏစကားပြောပြီးနောက် ပေါင်ကျန့်က ရဲစခန်းတွင် ရှိနေသေးသည်ဟုဆိုကာ ချက်ချင်းလာခဲ့မည်ဟုပြောလေသည်။

ပိုင်ယွိထန်လဲ ဖုန်းချကာ ကျန်ကျောက်ကိုခေါ်၍ အပြင်ထွက်လာသည်။

" Bao Sir က ရုံးခန်းထဲမှာပဲ ရှိသေးတယ် ပြီးတော့
မကြာခင် လိုက်လာလိမ့်မယ်တဲ့"

ကျန်းရင်းက ခေါင်းညိတ်ကာ မာရှင်းဘက်လှည့်ပြောလိုက်သည်။
" ညီမလေး... အမကို အိမ်သာလေး လိုက်ပို့ပေးလို့ရမလား"

" အာ ရပါတယ်"
မာရှင်းက ကျန်းရင်းကို တွဲထူကာ ကျန်းရင်းက ထော့နဲ့ထော့နဲ့နှင့် အိမ်သာထဲ ဝင်သွားကြသည်။

ပိုင်ကျင်းထန်က ကုန်းစွန်းကိုမေးလိုက်သည်။
" ကိုယ်တို့ အရင် ပြန်အိပ်ကြမလား"

ကုန်းစွန်းက မလိုက်ချင်။
" ကျွန်တော် ရုံးခန်းပြန်ပြီး ရင်ခွဲတာ လက်စသတ်ရမယ်"

ထို့နောက် ပိုင်ယွိထန်နှင့် ကျန်ကျောက်ကို ပြောလိုက်သည်။
" ကျန်းရင်းကို ဂရုစိုက်ဖို့ ငါ မာရှင်းကို ထားခဲ့မယ်..  ငါ ရုံးခန်းပြန်ရမှာမို့လို့"

ပိုင်ယွိထန်က သူ့ကို ဝါးစားမတတ် စိုက်ကြည့်နေသည့် ပိုင်ကျင်းထန်ကြောင့် ချက်ချင်းပြောလိုက်သည်။
" အာ.. ကုန်းစွန်း.. ဒီနေ့တော့ အိမ်ပြန်အိပ်လိုက်ပါ..  အလောင်းခွဲတာ မနက်ဖြန်မှ ဆက်လုပ်ပါ.. အဲ့လောက်မကြာလောက်ပါဘူး"

Special Crime Investigation Journal Of Mystery Book 2 - CompletedWhere stories live. Discover now