Password Killer 16- Born to Be a Bad Person

1.2K 251 1
                                    

Unicode

ပိုင်ယွိထန်က ကျန်ကျောက်ကို ကြည့်သည်။
" သူ လိမ်နေမှန်း မင်း ဘယ်လိုသိလဲ"

" အဲ့လျို့ဖန်လဲ မျက်နှာက အရမ်းတည်ငြိမ်တယ်"
ကျန်ကျောက်က အေးအေးလေး ပြုံးလိုက်သည်။
" ဒါပေမဲ့ သူ့ကိုကြည့်ရတာ ခံစားချက်တစ်ခုခုကို ဖုံးကွယ်နေတဲ့ ပုံမျိုး"

" ခံစားချက်?"
သူတို့သုံးယောက်သား ကျန်ကျောက်ဘေး ဝိုင်းလာကြသည်။

" ကြောင်မလေးကို သူ့ပေါင်ပေါ် ထိုင်ခိုင်းပြီး အမွှေးလေးတွေ ပွတ်သပ်ပေးနေတာက သူ့ကိုယ်သူ စိတ်ငြိမ်အောင် လုပ်တဲ့ နည်းတစ်နည်းပဲ.. ဒါပေမဲ့ ဆေးလိပ်သောက်လိုက်တာက သူ့ခံစားချက်တွေကို ဖော်လိုက်သလိုဖြစ်သွားတယ်"

" ဘာခံစားချက်လဲ"
ပိုင်ယွိထန်က မေးလိုက်သည်။

" ဒေါသ"
ကျန်ကျောက်က တိုးတိုးလေး ပြန်ဖြေသည်။

" ဒေါသ?"
လော့ထျန်က ခဏစဥ်းစားကာ ပြန်​ပြော၏။
" လျို့ဖန် ဆေးလိပ်စသောက်တော့ ဝူချန်းလျန်က ရွှီကျုန်းကို သတ်မိမလိုဖြစ်သွားတဲ့အကြောင်းပြောနေကြတာလေ.. ဘာလို့ သူက ဒေါသထွက်နေရတာလဲ"

" လူသတ်ကောင်ရဲ့ ရှုပ်ထွေးတဲ့ နည်းလမ်းတွေကို သဘောမကျလို့နေမှာပေါ့"
ပိုင်ယွိထန်က ပခုံးအသာတွန့်၍ ကားတံခါးဖွင့်သည်။
" ဒါမှမဟုတ် ရွှီကျုန်းလွတ်သွားလို့လဲ ဖြစ်နိုင်တာပဲ"

" ကြည့်ရတာ ငါတို့ စခန်းပြန်ပြီး ရွှီကျုန်းကို စစ်မေးရဦးမယ်ထင်တယ်"
ကျန်ကျောက်က ခါးပတ်ပတ်ရင်း ရေရွတ်သည်။

" ရွှီကျုန်းကိုက အမိန့်ချပြီး တရားဝင်ဖမ်းထားလိုက်ပြီ အခု အချုပ်ခန်းထဲမှာ ပြန်ပေးမှု လူသတ်ရန်ကြံစည်မှုနဲ့ တရားစွဲထားတယ်"
ပိုင်ချီက ခေါင်းခါရင်း စကားဆက်သည်။
" ကလေးက ဘာမှမဖြစ်သွားလို့ ရွှီကျုန်းက သေဒဏ်တော့ ကျမှာမဟုတ်ဘူး ဒါပေမဲ့ ထိုက်သင့်တဲ့ အပြစ်တော့ ခံရမှာပဲ ."

" ဟုတ်တယ်"
ပိုင်ယွိထန်ကလဲ ခေါင်းညိတ်သည်။
" အများဆုံးမှ  နှစ်နှစ်ဆယ်သုံးဆယ်ပေါ့"

" တကယ်လို့.."
ကျန်ကျောက်ကခဏတွေးကာ ဆက်ပြောသည်။
" သူ့ကို စစ်လိုက်လို့ နောက်ကွယ်က ကြိုးကိုင်သူရှိလာရင်တော့ သူက ဒီအတိုင်း အသုံးချခံသက်သက်ပဲ"

Special Crime Investigation Journal Of Mystery Book 2 - CompletedWhere stories live. Discover now