Killer's Password 1- မာရှင်း၏ သံသယ

2.6K 342 14
                                    

Zawgyi က အနောက်မှာပါ

Unicode

Killer's Password အမှုကိုတော့ စိတ်မခိုင်တဲ့သူ ကြောက်တတ်တဲ့သူတွေ မဖတ်ပါနဲ့

...........

ရေနစ်သေခြင်းက လူသားဝိညာဥ်ကို ဆေးကြောဖို့အတွက်တော့ အကောင်းဆုံး နည်းလမ်းတစ်ခု.... နှာသီးဝနဲ့ နှုတ်ခမ်းဝကနေ တိုးဝင်လာတဲ့ အေးစက်စက်ရေတွေက အဆုတ်ထဲ တိုက်ရိုက် စီးဆင်းသွားချိန် တစ်ခဏချင်းလေးမှာပဲ မွန်းကြပ်မှု တုန်လှုပ်မှု ကြောက်ရွံ့မှုတွေ စုပြုံလာတဲ့ ခံစားချက်။ ကြောက်ကြောက်နဲ့ ရုန်းကန်လေလေ ရေတွေက အဆုတ်ထဲ ပိုပိုပြည့်လာတယ်.. အဆုတ်ထဲမှာ ရေတွေတဖြည်းဖြည်းတိုးတိုးလာတယ် အောက်စီဂျင်အတွက် နေရာမကျန်တဲ့ အချိန်ရောက်ရင်တော့ လူက သုံးမိနစ်လောက်တော့ နာကျင်ခြင်းရဲ့ အရသာကို ကြည်နူးခံစားရမှာပေါ့.. သုံးမိနစ်နောက်ပိုင်းမှာတော့ အသက်ဝိညာဥ်ကုန်ဆုံးသွားပြီး ရွှံ့ဗွက်တွေပြည့်နေတဲ့ ရေကန်ကြီးအဆုံးထဲ တဖြည်းဖြည်း နစ်ဝင်သွားမှာပါ

( 'မရဏပြည်သို့ နောက်ထပ်လမ်းတစ်သွယ်' အခန်း၇ ရေနစ်ခြင်း မှ ကောက်နုတ်ချက်)
.......

ဩဂုတ်လအပူရှိန်က တဖြည်းဖြည်းကုန်ဆုံးလာပြီး ဆောင်းဦးဖြစ်သည့်စက်တင်ဘာလက ချဥ်းနင်းဝင်ရောက်လာခဲ့သည်။ ဆောင်းဦးဝင်လာသည်နှင့် ရာသီဥတုက အေးစိမ့်လာသည်။ နွေရာသီရက်ရှည်ကို သည်းခံလာရသည့် လူတို့လဲ အခုမှသာအသက်ရှူချောင်လာသည်ဟု ထင်ရသည်။ မိန်းကလေးတွေကလဲ ကျန်နေသေးသည့် စကတ်တိုတို့ကို အအေးမပိုခင် အမြန်ထုတ်ဝတ်ကြရသည်။

နွေရာသီအားလပ်ရက်ရှည်တွင် စိတ်လွတ်လက်လွတ်ပျော်ခဲ့ကြရသော ကျောင်းသားများသည်လဲ ကျောင်းပြန်တက်ရင်း စာတွေကြိုးစားကြရသည်။

ဥရောပမှ ပြန်လာပြီးနောက် SCI အဖွဲ့မှာ မပြီးပြတ်သေးသည့် အမှုကိို အားကုန်စိုက် အပြတ်ဖြတ်လိုက်ကြသည်။ တစ်လကြာမှ သေချာပြီးပြတ်သည်။ ထိူအချိန်တွင် ကုန်းစွန်းနှင့် ပိုင်ကျင်းထန်တို့က ပျားရည်စမ်းခရီးမှပင် ပြန်လာကြလေပြီ။

သူတို့အဖွဲ့ ခဏလောက် နားကြပြီးတော့ အလုပ်ပြန်လုပ်သည့်အချိန်တွင် အမှုတစ်ခုမှ မရှိပေ။

Special Crime Investigation Journal Of Mystery Book 2 - CompletedWhere stories live. Discover now