KILLER'S PASSWORD 12- Ghost

1.4K 282 6
                                    

Unicode

ဝမ်မင်လီ၏ စကားကြောင့် ကျန်ကျောက်ရော ပိုင်ယွိထန်ပါ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ ထိုဆရာမ၏ တုံ့ပြန်မှုက သာမန်ထက် တော်တော်လေး ပိုမိုပြင်းထန်နေ၏။

ဝမ်မင်လီကလဲ သူ့စကားကြောင့် လူတွေ ကြောင်သွားသည်ကို သတိထားမိသောကြောင့် မျက်နှာအမူအရာပြောင်းကာ ပြန်ပြောသည်။

"တောင်းပန်ပါတယ်ရှင် အချိန်တွေ ကြာသွားတာတောင် ကျွန်မ အခုထိ စိတ်မဖြေနိုင်သေးလို့ပါ   "

"ဘာလို့လဲ  "
ကျန်ကျောက်က မေးသည်။

" ဟောက်မိုနဲ့ ကျွန်မက  အရမ်းခင်တဲ့ သူငယ်ချင်းတွေပါ"
ဝမ်မင်လီက မဆိုင်းမတွ ပြန်ဖြေသည်။
"သူက အဲ့လို လုံးဝလုပ်မဲ့သူမဟုတ်ဘူး.... ကလေကချေ လူရှုပ်တွေနဲ့ တစ်ခန်းထဲ အတူတူနေရတာတောင် သူ့အတွက် တော်တော်လေး ခက်ခဲနေပြီ "

ပိုင်ယွိထန်က ခေါင်းညိတ်ကာ ကျောင်းအုပ် ပိုင်ဖန့်ချင်ဘက် လှည့်၍ မေးလိုက်သည်။
"  ကျောင်းအုပ်ပိုင် ကျွန်တော်တို့ဒါရိုက်တာ ပေါင်​ ပြောတာကတော့ သူ့ကိုဆက်သွယ်တဲ့ ကျောင်းအုပ်ရဲ့ မျိုးရိုးက ကျန်း လို့ပြောပါတယ် "

" အာ"
ပိုင်ဖန့်ချင်က ပြုံး၍ ခေါင်းညိတ်သည်။
" ပြောရရင်တော့ ကျွန်မတို့နှစ်ယောက်လုံး ကျောင်းအုပ်ပါပဲ သူက သိပ္ပံနဲ့ အင်ဂျင်နီယာကျောင်းသားတွေကို အဓိက အုပ်ချုပ်တာ ကျွန်မက ဝိဇ္ဇာကျောင်းသားတွေကို အဓိက တာဝန်ယူထားပေးတာ ကျွန်မတို့နှစ်ယောက် တွဲဖက်အုပ်ချုပ်တာ နှစ်တွေအတော်ကြာပါပြီ  "

" ဒါဆို သူက ဘာလို့ဒီမှာ မရှိတာလဲ "
ကျန်ကျောက်က မေးလိုက်သည်။

"တိုက်တိုက်ဆိုင်ဆိုင်ပဲ မနေ့က နေ့လည်ကမှ အလုပ်နဲ့ ပြည်ပခရီးထွက်သွားရလို့ပါ  "
ပိုင်ဖန့်ချင်က ပြန်ဖြေသည်။
" ဩစတေးလျက ကျောင်းခွဲနဲ့ အလုပ်ကိစ္စလေးရှိလို့ သွားတာ သုံးရက်နေရင် ပြန်ရောက်မှာပါ"

ကျန်ကျောက်နှင့် ပိုင်ယွိထန်တို့က တစ်ယောက်ကို တစ်ယောက်ကြည့်သည်။ မနေ့က နေ့လည်လောက်ကမှ သူတို့အမှုပြန်ဖွင့်ဖို့ စီစဥ်တာ ရုတ်တရက်ကြီး ခရီးထသွားသည့် ကျောင်းအုပ်က သူတို့ကို တမင်ရှောင်ထွက်သွားသည်ဟု ခံစားမိနေသည်။

Special Crime Investigation Journal Of Mystery Book 2 - CompletedWhere stories live. Discover now