KILLER VS KILLER 31- အစီအစဥျ

1.6K 339 10
                                    

Zawgyi

ကျန်ကျောက်၏အကြံဆိုသည်ကို သူတို့နားမလည်နိုင်။ ကျန်ကျောက်က လီယိုနာ့ဒ် ခါလူလာနှင့် ရဲများကို မေ့ဆေး၊ မူးယစ်ဆေး၊ ထိန်းချုပ်ဆေးများ ထိုလစ်ပါရီကျွန်းပေါ်သို့ မပို့ပေးရန် တောင်းဆိုသည်။ လစ်ပါရီကျွန်းဆိုသည်က WOLF ရုံးချုပ်ရှိသောနေရာဖြစ်၏။

" ကြောင်လေး.. ဒီဆေးတွေရဲ့ လမ်းကြောင်းကို ဘာလို့ပိတ်ပစ်တာလဲ"
ပိုင်ယွိထန်က မေးသည်။

" WOLF က သူ့လူတွေအပေါ် အပြည့်အဝမထိန်းချုပ်နိုင်သေးဘူး.. ဆေးတွေအများကြီးကို မှီခိုနေရတုန်းပဲ.. တကယ်လို့ နှစ်ရက် သုံးရက်လောက် ဆေးပြတ်သွားရင် သူတို့ အဆင်ပြေသွားနိုင်တယ်"
ကျန်ကျောက်က ရှင်းပြသည်။

" တကယ်လို့ သူ့လူတွေက ဆေးရဲ့ထိန်းချုပ်မှုအောက်မှာ မရှိရင်ရော"
ဒီတစ်ခါဝင်မေးသူက အိုးရန်ချန်း။

ကျန်ကျောက်က ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။
" တောရိုင်းသားရဲတွေကို ယဉ်ပါးအောင်လုပ်တဲ့နေရာမှာ အရေးကြီးဆုံးအချက်တစ်ခုရှိတယ်.. သူတို့ကို မတိုက်ခိုက်သရွေ့ သူတို့က စပြီးမတိုက်ကြဘူး"

" အဲ့ဒီသားရဲတွေကို ဆေးမသုံးထားရင်ရော"
ကျောက်ဝေက ဝင်မေးသည်။

" တောရိုင်းတိရစ္ဆာန်တွေလေ.. အိမ်မွေးတဲ့ကောင်လေးတွေမှမဟုတ်တာ"
ကျောက်ကျွယ်က အေးအေးဆေးဆေးပြောရင်း လက်ဖက်ရည်ဆက်သောက်နေသည်။

ပိုင်ယွိထန်က ခဏစဉ်းစားပြီးနောက် မေဆင်ကို ပြောလိုက်သည်။
" ဆေးရုံတွေ ဆေးသိမ်းတဲ့နေရာတွေမှာ​ စောင့်ကြပ်ဖို့ ရဲအလုံအလောက် ချပေးထား.. ပြီးတော့ ဒီိကိုရောက်လာမဲ့ရဲတွေကို လျှပ်စစ်တုတ်တံနဲ့ ပိုက်ကွန်သေနတ် အပြည့်အစုံယူလာဖို့ ပြောပေးပါ... တရားခံတွေကိုအရှင်ဖမ်းရမယ်"

သူတို့တစ်ဖွဲ့လုံး ရယ်ချင်သွားကြသည်။ ပိုင်ယွိထန်က သူအဖမ်းခံရသောနည်းလမ်းကို ပြန်အသုံးချနေသည့်အတွက်ပင်။

" အော်...အဲ့ဒါလား"
ကျောက်ဟူက ရုတ်တရက် သူ့ပေါင်သူထရိုက်ကာ အော်လိုက်၏။

သူတို့တစ်ဖွဲ့လုံး လန့်သွားကြပြီး ဘေးမှမာဟန်က သူ့ကိုတစ်ချက်ကြည့်သည်။
" ဟူဇီ.. မင်း ဘာတွေပြောနေတာလဲ"

Special Crime Investigation Journal Of Mystery Book 2 - CompletedWhere stories live. Discover now