Murder 1 - Innocent Murder Part 2- မမြင်နိုင်သော အန္တရာယ်

6.2K 681 41
                                    

Zawgyi

ဤကမ္ဘာလောကကြီးတွင် မြောက်မြားလှသော အရာများရှိ၏။ အစဉ်လိုက်ရှိရမည့် အရာများကို နေရာ ပြောင်းလိုက်သောအခါ ကြောက်မက်ဖွယ် ရွံရှာဖွယ် အသွင်ပြောင်းသွားနိုင်၏။ အထူးသဖြင့် လူသားတို့၏ ခြေလက်များပင်။

သူတို့မျက်စိရှေ့က အလောင်းမှ ခြေလက်တို့မှ ရှိရမည့်နေရာတွင် ရှိမနေပဲ အင်္ဂလိပ်အက္ခရာအသွင် အပြောင်းခံထားရသဖြင့် ထူးဆန်းသည်ဟုပင် မဆိုနိုင်တော့ပေ။ သူတို့အားလုံး စီးကရက်ဖွာပြီးနောက် ပြာခွက်ထဲ စီးကရက်ကို ထိုးချေလိုက်ကြသည်။ Gongsun ကတော့ ပြုံး၏။
" ဒီပုံစံက ပုံမှန်မဟုတ်ဘူးလို့ ပြောရမှာကိုက ရွံဖို့ကောင်းလွန်းတယ်.. အထူးသဖြင့် အလောင်းကို စီထားပုံ"

"သေတာ ဘယ်လောက်ကြာပြီလဲ"
Bai Yutang က Gongsun ကို မေး၏။

"သုံးရက်"
Gongsun က စီးကရက်မီးခိုးများကို မှုတ်ထုတ်ပြီး စီးကရက်ကို ချကာ လက်အိတ်စွပ်၏။
" ငါတို့က မင်းတို့ လာတာ စောင့်နေတာ... Xiao Zhao ကြည့်ရအောင်လို့"

Bai Yutang က ခေါင်းညိတ်ကာ ပြတ်နေသော နေရာများကို သေချာကြည့်ကာ Gongsun အား လှမ်းပြောသည်။
" ဖြတ်ထားတဲ့နေရာက သေသပ်လွန်းတယ်"

"ဟုတ်တယ်"
Gongsun က ခေါင်းညိတ်၏။
" ဒီလူက ခန္ဓာဗေဒကို သေချာသိတဲ့ ဆေးပညာနယ်ပယ်က လူတစ်ယောက် ဖြစ်ရမယ်.."

သူတို့အားလုံးက အလောင်းကိုယ်ထည်ကို အာရုံစိုက်နေကြပေမဲ့ Zhan Zhao က သွေးများ ပြည့်နှက်နေသော နေရာကို ဂရုတစိုက် ရှောင်ရှားကာ ဧည့်ခန်းထဲသို့ ဝင်သွား၏။

" ကြောင်လေး.."
Bai Yutang က Zhan Zhao အား နားမလည်နိုင်စွာ ကြည့်လိုက်တော့ Zhan Zhao က တစ်လှမ်းချင်း ဧည့်ခန်း၏ အလယ်သို့ လျှောက်ကာ ကော်ဖီစားပွဲပေါ်ရှိ မပြီးဆုံးသေးသော jigsaw ပဟေဠိကို စိတ်ဝင်တစား ကြည့်နေ၏။

ထိုပဟေဠိမှာ စက်ရုပ်ကြောင်ပုံဖြစ်ပြီး ချစ်စရာကောင်းလှပေမဲ့ တစ်ဝက်သာ ပြီးသေး၍ အလယ်တွင် ဗလာဖြစ်နေသည်။

" ကလေးတွေ ဆော့ရင်းနဲ့ ရန်ဖြစ်ထားတဲ့ပုံပဲ"
Luo Tian က ပဟေဠိကို ကြည့်ကာ ပြောလိုက်၏။

Zhan Zhao က ကော်ဖီစားပွဲကို ကျော်ကာ အရှေ့ရှိ ဆိုဖာရှေ့တွင် ရပ်ရင်း ပဟေဠိကိုသာ စူးစိုက်၍ ကြည့်သည်။

Special Crime Investigation Journal Of Mystery Book 2 - CompletedWhere stories live. Discover now