Password Killer 18- Interlude

1.1K 268 1
                                    

Unicode

( Interlude ဆိုတာက ဖြစ်ရပ်အကြီးနှစ်ခုကြားထဲမှာဖြစ်တဲ့ အကြောင်းအရာတစ်ခုပါ)

ထိုညစာစားပွဲတွင်တော့ ကုန်းစွန်းတစ်ယောက် မေမေပိုင်ရဲ့ အချစ်ဆုံးသားတစ်ယောက်အဖြစ် ချက်ချင်းခုန်တက်သွားပါတော့သည်။

ပိုင်ယွိထန်နှင့် ကျန်ကျောက်တို့ကလဲ ညစာစားပြီးနောက် ဆိုဖာပေါ် တွင် မုန့်ထိုင်စားနေကြ၏။ မတွေ့ရတာအတော်ကြာပြီဖြစ်သော လုဘန်လေးကလဲ ကျန်ကျောက်နားတွင် လှဲရင်း အမွှေးများကို လျှာဖြင့်သပ်နေသည်။

ပိုင်ကျင်းထန်နှင့် ကျန်ချီထျန်တို့က အလုပ်အကြောင်း ရင်းနှီးမြှုပ်နှံမှုအကြောင်းတွေပြောကြသည်။

ပိုင်ယွင်ဝမ်က ပိုင်ယွိထန်ဆီလျှောက်လာကာ အနားဝင်ထိုင်သည်။
" အခုတလော ဘာအမှုတွေ လိုက်နေလဲ"

" ဟိုတစ်ခေါက်က သရဲခြောက်တဲ့အဆောင်က အမှုပါပဲ"
ပိုင်ယွိထန်က ပြန်ဖြေတော့ ကျန််ကျောက်က တစ်ခုခုကို သတိရသွားသလိုနှင့် ပိုင်ယွင်ဝမ်ကို မေးလိုက်သည်။
" ဒါနဲ့ ဦးလေး.. ပညာရေးကောလိပ်မှာ လွန်ခဲ့တဲ့ဆယ့်လေးနှစ်က ဖြစ်ခဲ့တဲ့ မီးလောင်မှုအကြောင်း သိလိုက်လားဗျ"

ပိုင်ယွင်ဝမ်လဲ ခဏလောက် ကြောင်သွားသည်။ ကုန်းစွန်းပေးထားသော ဆေးပြင်းလိပ်တစ်လိပ်ကို ထုတ်ကာ မီးညှိ အရသာခံပြီးနောက် ကျေနပ်စွာ ခေါင်းညိတ်နေသည်။
" အဲ့ဒီ့အကြောင်းကို သိတော့သိတယ်ကွ.. အင်း.. ပြင်းပြင်းထန်ထန်ဒဏ်ရာရသွားတဲ့ ကျောင်းသားတစ်ယောက်ရှိတယ်မဟုတ်လား"

" ဟုတ်"
ပိုင်ယွိထန်က စိတ်ပါလာသည်။
" ဖေဖေ သိလို့လား"

ပိုင်ယွင်ဝမ်က ကျန်ချီထျန်ဘက်ကို လှည့်မေးလိုက်သည်။
" ချီထျန် .. ပညာရေးကောလိပ်က မီးလောင်မှုအကြောင်း မှတ်မိသေးလား"

ကျန်ချီထျန်က ခဏစဥ်းစားပြီးနောက် ပြန်​ဖြေ၏။
" မှတ်မိတာပေါ့ အဲ့တုန်းက ပြဿနာက တအားရှုပ်ခဲ့တာကိုး"

" ဘယ်လောက်ရှုပ်လို့လဲဗျ"
ကျန်ကျောက်က ခေါင်းအုံးတစ်လုံးဖက်ရင်း ထပ်မေးလိုက်သည်။

ကျန်ချီထျန်က သေချာစဥ်းစား၏။
" ကျောင်းက ဆောက်လုပ်ရေးကုမ္ပဏီကို တရားစွဲတယ် လုံခြုံမှုမရှိလို့တဲ့.. မီးလောင်တဲ့ ကျောင်းသားရဲ့မိဘတွေက ကျောင်းကို တရားစွဲတယ် အဲ့ဒီ့မှာ သတင်းစာတွေထဲထိ ပါလာတာပဲ.. စီရင်ချက်မစခင် တစ်ရက်အလိုပါ ကျောင်းသားမိဘတွေက ရုတ်တရက်ကြီး တရားစွဲတာ ပြန်ရုပ်သိမ်းသွားတာ"

Special Crime Investigation Journal Of Mystery Book 2 - CompletedWhere stories live. Discover now