Special Chapter - ကြောင်လေးနှင့် ကြွက်ဖြူတို့၏ အတိတ်

3.8K 342 40
                                    

Unicode

Warning ~ Not safe for work ( read at your own risk)

အရင်တစ်ခေါက် အမှုပြီးတော့ ပေါင်ကျန်က SCI အဖွဲ့သားများအားလုံးကို ခွင့်သုံးရက် ပေးလိုက်သည်။ တစ်လလုံးလုံး ပင်ပန်းထားကြသော အဖွဲ့သားများလဲ တစ်ယောက်တစ်နေရာစီ အပန်းဖြေကြလေသည်။

ကုန်းစွန်းကို ပိုင်ကျင်းထန်က လေယာဥ်ထဲ အတင်းထိုးထည့်ကာ လှပသော ကျွန်းလေးတစ်ကျွန်းစီခေါ်ဆောင်၍ အနားပင်မနေပဲ လူကြီးများသာ ခံစားနိုင်သော  ရိုမန့်စ်လေးများ အဆက်မပြတ် ဖန်တီးကြသည်။

အမှုကိစ္စကြောင့် အိမ်ကိုသိပ်မကြည့်နိုင်သော ပိုင်ချီမှာ အိမ်ကိုဂရုသေချာစိုက်မိချိန်တွင် တစ်အိမ်လုံး အမှိုက်ပုံနီးပါးဖြစ်နေသည်ကို တွေ့လိုက်ရသည်။ကျောက်ဝေက ပိုင်ချီလေးကိုခေါ်ကာ ခရီးသွားချင်ပေမဲ့  ပိုင်ချီကတော့ အေပရွန်ဝတ်၍ လစ်ဇဘန်နှင့် ကျောက်ဝေတို့ကို လက်ညိုးထိုးကာ ဆုံးမနေသည်။
" မင်းတို့နှစ်ယောက်ကလေ.. ဒီသုံးရက်အတွင်း ဘယ်မှသွားဖို့ စိတ်မကူးနဲ့.. ငါနဲ့ သန့်ရှင်းရေးဝိုင်းလုပ်ရမယ် ဒါပဲ"

အမြွှာနှစ်ကောင်ကို အစ်ကိုကြီးက ပစ်သွားသောကြောင့် သူတို့လဲ မုန့်တွေဝယ်၍ ညဝတ်အင်္ကျီတွေပါ ထုတ်ပိုးကာ ကျန်းပင်အိမ်သို့ သွားလည်သည်။ တစ်နေကုန် ဂိမ်းဆော့လိုက် ဗိုက်ဆာသည့်အခါ မှာစားလိုက်နှင့် လွတ်လွတ်လပ်လပ်ဘဝကို အပြည့်အဝခံစားသည်။

မာဟန်နှင့် ကျောက်ဟူတို့ကတော့ သူတို့ကောင်မလေးများစီစဥ်ထားသည့်ခရီးကို လိုက်သွားကြရ၏။

ဝမ်ချောင်ကတော့ အိမ်ပြန်ကာ သူ့ဇနီးနှင့် သားသမီးများကို အဖော်ပြုပေးသည်။ ကျန်းလုံကတော့ သူ့ကောင်မလေးနှင့် အတူအားလပ်ရက် ဖြတ်သန်းကြသည်။

လော့ယန်လေးက တစ်ချိန်လုံး လော့ထျန်အတွက် မာရှင်းနှင့် လိုက်တွဲပေးနေ၍ လော့ထျန်ခေါင်းကိုက်နေရသည်။ သို့သော် ထိုကောင်ဆိုးလေးက သူတို့နှစ်ယောက်ကို ခေါ်ကာ ကစားကွင်းသွားချင်သည်ဆိုကာ ခေါ်ထုတ်လာပြီး ဘောလုံးများပြည့်နေသည့်နေရာတွင်သာ နှစ်နာရီသုံးနာရီလောက် ဝင်ကစားနေ၍ လော့ထျန်နှင့် မာရှင်းလဲ တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ အပြင်တွင်စောင့်နေရလေ၏။

Special Crime Investigation Journal Of Mystery Book 2 - CompletedWhere stories live. Discover now