KILLER VS KILLER 12 - ကျောင်းသား

2.5K 393 9
                                    

Zawgyi

" ကျေနပ်အားရခြင်း??"
Zhan Zhao က Bai Yutang ကို ကြည့်လိုက်သည်။
" Xiao Bai မင်း သေချာလား"

Bai Yutang က မျက်ခုံးအနည်းငယ် တွန့်ကွေးသွား၏။
" ဒါနဲ့ ဆင်တူတဲ့ လူသတ်မှုမျိုး ငါတွေ့ဖူးတယ်"
ထို့နောက် ဖုန်းထုတ်ကာ ခလုတ်နှိပ်လိုက်သည်။
" ဟဲလို Zhao Hu... မင်း Li Fei ရဲ့ အခန်းကို လာခဲ့... Gongsun ကိုလဲ ခေါ်ခဲ့ဦး စစ်ဆေးစရာရှိတယ်"

ဖုန်းချပြီးသည်နှင့် Bai Yutang က Zhan Zhao ကို ကြည့်သည်။
" Zhao Hu နဲ့တွေ့မှ ဟုတ် မဟုတ် မေးကြည့်ရမှာပဲ"

Zhan Zhao က ခေါင်းညိတ်ကာ အခန်းထဲရှိ ပရိဘောဂများကို လျှောက်ပတ်ကြည့်သည်။ တစ်ပတ်ပြည့်အောင် ကြည့်ပြီးသောအခါ ယောက်ျားလေးအဆောင်လို့ ပြောရလောက်အောင် အရမ်းသန့်ရှင်းလွန်းနေသည်ဟု Zhan Zhao ခံစားမိလာသည်။

ကုတင်အစွန်းနားကို လက်ဖြင့် သပ်ကြည့်တော့ ဖုန်တစ်စက်ပင် ရှိမနေ။

" ကျောင်းရဲ့ ယောက်ျားလေးအဆောင်သာဆိုတယ် သန့်ရှင်းလိုက်တာဗျာ"
Bai Yutang က ပြောတော့ ဆရာဖြစ်သူက သက်ပြင်းချကာ ခေါင်းရမ်း၏။

" ဒီတစ်ခန်းထဲပါပဲဗျာ"

" ဟင်"
Zhan Zhao က ရုတ်တရက် ဆရာကို လှည့်ကြည့်၏။
" ခင်ဗျား ဘာပြောလိုက်တာ"

"Li Fei က အရမ်းသန့်ရှင်းတာကို စွဲလမ်းတဲ့နေရာမှာ နာမည်ကြီးပဲလေ"
ဆရာက ခေါင်းရမ်းကာ ဆက်ပြော၏။
" အသန့်ကြိုက်တဲ့ သူ့အကျင့်က အရမ်းကို ဆိုးဆိုးရွားရွား ပြင်းထန်တာပဲ.. အဆောင်ကို သူ တတ်နိုင်သလောက် သန့်ရှင်းရေးလုပ်တယ်.. ကြမ်းပြင်ကိုတောင် လက်ကိုင်ပုဝါအနုနဲ့ သုတ်တာ.. ခင်ဗျားတို့ တွေးကြည့်ကြပါဦး မသန့်ရှင်းပဲ ခံနိုင်ရိုးလားလို့"

" သူ့ အခန်းဖော်နှစ်ယောက်ကရော ဘယ်လိုမှ မဖြစ်ဘူးလား"

Bai Yutang က အံ့အားသင့်သွားသည်။

"အော်... တစ်ယောက်ကတော့ အစောကြီးထဲက ဒီအခန်းမှာ မနေဘူး .. သူက ဒီမြို့သားဆိုတော့ အိမ်မှာပဲ ပြန်နေတယ်လေ... ပစ္စည်းတချို့တော့ လာလာ ထားတယ်... Wang Peng ကတော့ အဆောင်က ဈေးဆိုင်တစ်ခုမှာ အလုပ်လုပ်တာဆိုတော့ အဲ့မှာပဲ နေတာများတယ်.. ပြန်မလာဘူး"

Special Crime Investigation Journal Of Mystery Book 2 - CompletedWhere stories live. Discover now