Password Killer 22- သဲလွန်စများ

1.2K 258 17
                                    

Unicode

ကျန်းဟွာတစ်ယောက် အော်ဟစ်နေကာ ထိန်းမရတော့၍ ကျန်းချန်ချီက အိမ်ပြန်ခေါ်သွားဖို့လုပ်ရသည်။ သူတို့နှစ်ယောက် မပြန်ခင် ပိုင်ယွိထန်က သတိပေးသည်။
" ခင်ဗျားတို့သားအဖနှစ်ယောက်လုံး ပြည်ပထွက်ခွင့်မရှိဘူး.. လွန်ခဲ့တဲ့ ခုနစ်နှစ်ကပဲ ဖြစ်ခဲ့တာပဲဖြစ်ဖြစ် ခင်ဗျားလုပ်ရပ်တွေက အပြစ်ရှိတယ်"

ကျန်းချန်ချီက ခေါင်းညိတ်လိုက်ပြီး ခေါင်းငိုက်စိုက်ချကာ ကျန်းဟွာနှင့် အတူထွက်သွားလေ၏။

အခန်းထဲ လူမရှိတော့မှ ကျန်ကျောက်လဲ ဆိုဖာပေါ် ခြေဆန့်လက်ဆန့်လှဲချကာ လည်ပင်းကိုလက်နှင့် ပွတ်လိုက်သည်။
" ဟူး.. ဒီလောက်ကြီး ရှုပ်မယ်မှန်း ထင်တောင် မထင်ထားဘူး"

ပိုင်ယွိထန်လဲ ခေါင်းညိတ်ကာ အသံဖမ်းစက်ကိုပိတ်၍ ကျန်းပင်ကို လှမ်းခေါ်လိုက်သည်။
" ဒါကိုယူပြီး Bao Sir ကို ပြလိုက်"

ကျန်းပင်လဲ ခေါင်းညိတ်ကာ ပြန်ထွက်သွား၏။

ပိုင်ယွိထန်က ဆိုဖာပေါ် မှီရင်း တံခါးအပြင်တွင် ရပ်နေကြသူအားလုံးကို လှမ်းခေါ်လိုက်သည်။
" ဝင်ခဲ့လေ"

သူတို့အားလုံးလဲ ဝင်လာကြပြီး နေရာရှာ၍ ထိုင်ကြ၏။

" မင်းတို့ ဘယ်လိုသဘောရလဲ"
ပိုင်ယွိထန်က သူတို့အားလုံးကို မေးလိုက်သည်။

သူတို့အားလုံးတစ်ယောက်ကို တစ်ယောက် ကြည့်နေကြပေမဲ့ ကုန်းစွန်းက မျက်ခုံးပင့်သည်။
" ရူးနေတာ"

ပိုင်ယွိထန်က ရယ်သည်။
" ကျွန်တော်က အမှုကိုပြောတာပါ လူကိုမဟုတ်ဘူး"

သူတို့အားလုံး ပြုံးလိုက်ကြသည်။ ထိုအခါမှ သူတို့ကြားက လေထုဖိအား လျော့နည်းသွား၏။

" အခုအမှုက အတော်လေးရှုပ်တယ်လို့ပြောလို့ရတယ်.. ဒါပေမဲ့ အမှုကြောတွေတော့ ပေါ်လာနေပါပြီ"
ကျန်ကျောက်က ​စပြောသည်။
" အခု ငါတို့မဖြေရှင်းရသေးတာက ဒီအမှုရဲ့မူလအကြောင်းရင်းပဲ.. ဒါပေမဲ့ ဒီအမှုက ကလပ်က အဓိကအကျဆုံးလို့တော့ ထင်တယ်"

" ငါတို့ဖြေရှင်းခဲ့သမျှ အမှုတွေထဲမှာ သံသယတွေ သဲလွန်စတွေအများဆုံးတစ်ခုပဲ"
ပိုင်ယွိထန်က သက်ပြင်းချသည်။
" ကဲ ဒီလောက်အထိ နားထောင်ခဲ့ကြပြီးပြီဆိုတော့ အဆုံးသတ်ရအောင် မင်းတို့ ဘယ်လိုထင်လဲ"

Special Crime Investigation Journal Of Mystery Book 2 - CompletedWhere stories live. Discover now