Innocent Murder 6- ထင်ယောင်ထင်မှား ဖြစ်ခြင်း

3.8K 574 21
                                    


Zawgyi

သူတို့အားလုံး စားသောက်ပြီးကြတော့ ရဲစခန်းသို့ အေးအေးလူလူ လမ်းလျှောက်ခဲ့ကြ၏။ Luo Tian နှင့် Bai Chi က Luo Yang လေး လက်တစ်ဖက်စီကို ဆွဲ၍ ရှေ့မှ လျှောက်သွားကြပြီး Zhan Zhao နှင့် Bai Yutang တို့က ဘေးချင်းယှဉ်ကာ အတူတူ လျှောက်လာကြသည်။

" ကြောင်လေး... မင်း ဘာကို သိလိုက်တာလဲ"
Bai Yutang က စောစောက စကားကို ပြန်ဆက်သည်။

" အင်း.."
Zhan Zhao က သေချာတွေး၍ Bai Yutang ကို ပြန်မေးလိုက်သည်။
" Xiao Bai... Fang Wei ကို polygraph စစ်ဆေးမှု လုပ်သင့်တယ်လို့ ထင်လား... မလုပ်သင့်ဘူးလို့ ထင်လား"

" မင်းပြောတော့ သူ့ကို polygraph စစ်ဆေးမှု မလုပ်ပေးသင့်ဘူးဆို.. ဒါပေမဲ့ မလုပ်ပေးပြန်ရင်လဲ...."
Bai Yutang က Zhan Zhao ကို ငုံ့ကြည့်လိုက်သည်။
" ရှုပ်တယ်ကွ..."

Zhan Zhao လဲ ခေါင်းညိတ်ကာ ပြုံး၏။
" ဟုတ်ပြီ.. အဲ့ဒါဆို ဥပမာပေးမယ်... ထားပါတော့ Fang Wei က polygraph စစ်ဆေးမှုကို အောင်သွားတယ်... ရလဒ်က သူ အပြစ်မရှိဘူးလို့ ထွက်တယ်.. အဲ့ဒီတော့ လွတ်သွားတယ်.. အဲဒီအချိန်မှာပဲ အမဲဖျက်တဲ့ အမှု...( အူကလီစာတွေ ထုတ်ပြီး သတ်တဲ့အမှု) က ထပ်ဖြစ်မယ်ဆိုရင်... ဘာတွေ ဖြစ်ကုန်မလဲ"

Bai Yutang က ကြောင်အသွား၏။ ရုတ်တရက် Zhan Zhao ဆိုလိုသည့် အဓိပ္ပါယ်ကို သဘောပေါက်ဟန် ခေါင်းညိတ်သည်။
" ငါသိပြီ... အဲ့ဒီအခါကျရင် Lu Liang ကို လူတွေ ဝိုင်းပြီးဝေဖန်ကြမှာပေါ့... ပြီးတော့ သူ့ သီအိုရီကြီးကိုလဲ လှောင်ပြောင်ကြလိမ့်မယ်..."

" အဲ့ဒါဆို နောက်တစ်ခု... ဒီတစ်ခါ Fang Wei က polygraph စစ်ဆေးမှုကို မအောင်ဘူး.. အဲဒါနဲ့ ထောင်ကျသွားတယ်.. အဲ့ဒီအချိန်မှာပဲ အမဲဖျက်တဲ့အမှု ထပ်ဖြစ်တယ်ကွာ..."
Zhan Zhao က ဆက်မေးသည်။
" အဲ့ဒါဆိုရင်ရော.."

Bai Yutang က ခေါင်းညိတ်သည်။
" အဲ့ဒီအခါကျရင်တော့ လူတွေ ဝေဖန်ကြမဲ့ ပစ်မှတ်က ရဲတွေ ဖြစ်လာမှာပေါ့... ဒီလောက်အကြာကြီး စုံစမ်းပြီးတော့ လူမှားဖမ်းထားတယ်ဆိုပြီးလေ..."

" နောက်ဆုံး တစ်ခု..."
Zhan Zhao က ပြုံးလိုက်သည်။
" တကယ်လို့ ငါတို့ Fang Wei ကို polygraph စစ်ဆေးမှု လုပ်ပြီး လွှတ်ပေးလိုက်တယ်.. အမဲဖျက်တဲ့ အမှုကိုလဲ မပိတ်သေးပဲ ဆက်ဖွင့်ထားမယ်.. ပြီးတော့ Fang Wei ကို တစ်ခါ ထပ်ဖမ်းမယ်.. ဒါပေမဲ့ အမဲဖျက်တဲ့ အမှုကိုလဲ မပိတ်သေးဘူး.. အဲ့ဒါဆိုရင်ရော.."

Special Crime Investigation Journal Of Mystery Book 2 - CompletedWhere stories live. Discover now