"အကို့ကို ညနေဖက်အိပ်ရင်ဖျားမှာစိုးလို့ ကျွန်တော်ကနှိုးလိုက်တာပါဗျ...ကျွန်တော်ဘာမှမလုပ်ပါဘူး"

ဟုတုန်ရီစွာပြန်ဖြေလိုက်သည်။

Boun မှာတော့သူ့အကြည့်တွေကို Prem ရဲ့မျက်နှာပေါ်မှခွာလို့မရခဲ့ပေ။မိမိရဲ့အကြည့်များကြောင့်နီမြန်းနေသောပါးမို့မို့လေးနှစ်ဖက်နှင့်တုန်ရီနေသောပန်းနုရောင်နှုတ်ခမ်းပါးနှစ်ခုကို Boun တစ်ယောက်သဘောကျကာစိုက်‌ကြည့်နေလေသည်။

"မင်းက မိန်းကလေးနဲ့တော်တော်တူတာဘဲ...
နောက်တခါငါ့ကိုလန့်အောင်လုပ်ရင်မင်းကို ဖက်နမ်းမှာနော်"

ဟု Boun အတည်လိုလိုနောက်သလိုလိုပြောလိုက်ရာ

Prem တစ်ယောက်ကြက်သိန်းများဖျန်းခနဲထလာကာအာခေါင်များ‌ပင်ခြောက်သွားခဲ့သည်။ထို့နောက်မိမိအားအထင်လွဲနေမှုအားဖြေရှင်းရန် Boun ကိုကလေးတစ်ယောက်လိုရှင်ပြနေလေသည်။

"ဟာဗျာ.....ကျွန်တော်ကအကို့ကိုစေတနာနဲ့နှိုးတာပါဗျာ" ဟုမျက်နှာငယ်လေးနင့် နှုတ်ခမ်းလေးစူကာမျက်လွှာလေးချ‌ကာပြောနေသဖြင့် Boun မှာမနေနိုင်တော့ဘဲ

"ဟုတ်ပါပြီ မင်းကလဲစတာပါကွာ" ဟုဆိုကာ

ကိုင်ထားသောလက်ကိုလွှတ်ကာ Premရဲ့ကိုယ်ပေါ်မှဆင်းပြီး ဆံပင်များအားနှစ်ချက်လောက်သန့်ပေးလိုက်မိသည်။

Prem မှာရှက်ကိုးရှက်ကန်းနှင့်ကုတင်ပေါ်ထထိုင်လိုက်ချိန်၌ Boun က

"မင်း နာမည်က .......?"
"Prem"
"မင်း first yearလား" ဟု မေးရာ
ခေါင်းကိုတဆတ်ဆတ်ငြိမ့်ပြနေလေသည်။

အကိုက

"Boun...ဆေး တတိယနှစ်" ဟု ကိုယ့်ကိုယ်ကိုအကိုဟုနာမ်စားသုံးကာမိတ်ဆက်ဖူးသည်မှာဒါပထမ‌ဆုံးပင်။

"ကျွန်တော်လည်း ဆေးမေဂျာကဘဲဗျ" ဟု Prem ရဲ့အဖြေကြောင့် Boun တစ်ယောက်သဘောကျသွားဟန်ဖြင့်မျက်နှာမှာတစ်ချက်ပြုံးယောင်သမ်းသွားလေသည်။

"အကို ဘာပြုံးတာလဲ" Prem စကားကြောင့်

"အော် ဘာမှမဟုတ်ပါဘူး မင်းအကူအညီလိုရင်ငါ့ကိုပြော" ဟု Boun ကပြန်ဖြေလိုက်သည်။

နှစ်ယောက်သား Boun ကုတင်ပေါ်မှာထိုင်ရင်း စကားကောင်းနေကြသည်။

"ဘယ်နှစ်နာရီရှိပြီလဲ နာရီကြည့်ပါဦး"
"ခြောက်နာရီ ဗျ"
"မင်း ထမင်းစားပြီးပြီလား"
"မစားရသေးဘူး"
"အဲဆိုမင်းအရင်ရေသွားချိုးလိုက် ပြီးရင် ငါနဲ့အတူတူအပြင်မှာထမင်းလိုက်စား"

Boun စကားကြောင့် Prem ကျေနပ်သွားသည်။ကိုယ့်ကိုဒီအကိုကြီးလောက်ဘယ်သူမှဂရုမစိုပ်ဖူး။ဒီလူကြီးကတော့ပထမဆုံးလူပေါ့။

Prem တစ်ယောက် သွားဖြီးပြကာ ကုတင်ပေါ်မှထလိုက်သည်။Boun က Prem နောက်ကျောကိုကြည့်ရင်း

"အကို ဘာကြည့်တာလဲဗျ......ကျွန်တော်အက်ျ ီချွတ်မှာလေ" Prem စကားကြောင့် Boun မှာကုတင်ပေါ်ကထပြီး Prem ဆီကိုလျှောက်လာကာ ဖောင်းကောင်လေးနံဘေးရောက်သောအခါခါးထောက်လိုက်ပြီးလက်တစ်ဖက်ဖြင့်ပါးကိုဆွဲလိမ်လိုက်မိသည်။

"အာ့...အကို နာတယ်ဗျ" Prem အော်လိုက်မလက်ကိုပြန်ရုတ်သိမ်းလိုက်လေသည်။

Boun က

"ယောက်ျားလေးအချင်းချင်းဘဲ
မကြည့်ရဘူးလား" မေးရာ

"မသိဘူး....မကြည့်နဲ့ .... ကျွန်တော်ရှက်တယ်"
ဟုရှက်ကိုးရှက်ကန်းနဲ့ပြန်ဖြေပြီးနှုတ်ခမ်းစူကာမျက်စောင်းထိုးလိုက်သည်။

Boun❤️

"ကျွန်တော်ဘယ်လိုဖြစ်သွားမှန်းမသိဘူး ဒီကလေးကိုစတွေ့လိုက်ကတည်းက ကျွန်တော်အသဲတွေယားနေမိတယ်။အဲပါးဖောင်းဖောင်းကြီးတွေကိုကိုက်ဆွဲပြစ်ချင်တယ်။စကားပြောရှင်နှုတ်ခမ်းထော်ထော်နဲ့။"

"မသိတော့ဘူး တော်တော်အသဲယားတယ်။ဘယ်လိုဒီကောင်လေးနဲ့ကျမှဘာဖြစ်မှန်းမသိတော့ဘူး။ဘယ်ကောင်လေးကိုမှချစ်စရာကောင်းတယ်လို့မထင်ဖူးဘူး။ဒီကောင်လေးကိုအရမ်းစချင်တယ်။သူ့ကိုစလိုက်ရင်ပြန်ထိုးလိုက်တဲ့မျက်စောင်းနဲ့နှုတ်ခမ်းစူစူကြီးတွေကရယ်ချင်စရာလေး"

"ဟူး....ငါဘာတွေတွေးနေတာလဲ"

"ကျွန်တော်အသိ၀င်လာပြီး အတွေးတွေရပ်တန့်လိုက်ချိန်မှာတော့ ဟိုပါးဖောင်းလေးက ရေချိုးခန်းထဲတောင်ရောက်နေပြီ"

👉ကျွန်တော်က gay မဟုတ်ပါဘူး ကျွန်တော့်မှာကောင်မလေးလည်းရှိပါတယ် ‌ယောက်ျားလေးကိုလည်းမကြိုက်ပါဘူး။( Boun )

နောက်တစ်ပိုင်းဆက်ဖတ်ပေးပါဦးရှင်

အဆင်မပြေတဲ့နေရာလေးတွေမှာထောက်ပေးပါဦးနော်

အခုမှစရေးဖူးလို့ပါရှင့်

ကျေးဇူးတင်ပါတယ်ရှင့် 😍❤️

Back To You Where stories live. Discover now