Chapter - 12

1.8K 271 36
                                    

Unicode
~~~~~~~~

ထက်မြတ်တစ်ယောက် နွေလယ်ညအား အတန်းပြီးသည်နှင့် ဘယ်မှအသွားမခံပဲ သူ့ရဲ့ Club သို့ခေါ်ဆောင်သွားသည် …  နှိုင်းမရနဲ့နွေလယ်အတူရှိနေတာမျိုးမကြိုက်သလို သတင်းထွက်ထား၍လဲ သူတို့နဲ့အတူပေါင်းသင်းတာမျိုးမလုပ်စေချင်ဘူး … ဘယ်သူ့ထံကမှဖြေရှင်းချက်မပေး၍ ထိုသတင်းကအမှန်လားအမှားလားဆိုတာ လူတိုင်းက သိချင်နေကြသည် … ထိုအကြောင်းက ကွယ်ယာမှာလူပြောများနေသည့် အတင်းတစ်ခုဖြစ်နေသည် …

သူတို့ မော်ဒယ် Club အနားသို့ရောက်သည့်အချိန် အခန်းတံခါးကပွင့်နေ၍ အထဲကစကားသံတွေကိုကောင်းစွာကြားနေရသည် … ထိုစဉ်ထက်မြတ်က အထဲသို့မဝင်သေးပဲ တံခါးအခြေ၌ ရပ်လိုက်ပြီး ပျက်သားစွာကြားနေရတဲ့စကားသံတွေကို နားထောင်လိုက်သည် …

" ဟဲ့ ဒီနေ့မနက်က သခင်လေးနှိုင်းက ဟိုကောင်လေးကိုသူ့ဆိုင်ကယ်နဲ့တင်ခေါ်လာတာ တွေ့လိုက်တယ် … သတင်းကမှန်နေတာများလား "

" မဖြစ်နိုင်တာ … အကိုနှိုင်းမရက အဆင့်အတန်းမြင့်တဲ့သခင်လေး … ဟိုအရှုံးသမားက ဘယ်ကအုပ်ကြားမြက်ပေါက်မှန်းမသိ … သူကသခင်လေးနှိုင်းကိုအတင်းလိုက်ကပ်နေတာပဲဖြစ်မှာ "

" ဖြစ်နိုင်တယ် … အကိုနှိုင်းမရက လုံးဝ Gay စရာအကြောင်းမရှိဘူး "

ထက်မြတ်သူ့ရဲ့လက်သီးတွေကိုတင်းတင်းဆုတ်ထားပြီး တစ်ဖက်ကလဲ နွေလယ်လက်ကိုတင်းကြပ်စွာကိုင်ဆောင်ထားသည် … အခန်းထဲဝင်မဲ့သူရဲ့ခြေလှမ်းတွေကအနောက်သို့ပြန်လှည့်သွားပြီး ထွက်သွားရန်ပြင်နေ၍ နွေလယ်မနည်းတားလိုက်ရသည် …

" မင်း … ဘာလုပ်မို့လဲထက်မြတ် "

" လူတွေဒီလောက်မင်းမကောင်းကြောင်းပြောနေတာ အဲ့လူဖြေရှင်းသင့်တယ် … သူသာသတင်းအမှန်မဟုတ်ကြောင်း ဖြေရှင်းရင် ဘယ်သူမှမင်းမကောင်းကြောင်းပြောမှာမဟုတ်တော့ဘူး … ငါသူ့ကိုသွားပြောမယ်  "

နွေလယ်က သူ့အတွက်နဲ့ရန်ပွဲဖြစ်မည်ဆိုး၍ ထက်မြတ်အားမသွားဖို့ဖျောင်းဖျလိုက်သည် … လူတွေပါစပ်ဖြားက သူ့မကောင်းကြောင်းပြောတာဟာ ပုံမှန်လိုဖြစ်နေ၍ နွေလယ်ထူးပြီးမခံစားရတော့ဘူး … သူ့ကြောင့်နဲ့ ရန်ဖြစ်ရင် ထက်မြတ်ကိုပါ လူတွေမကောင်းပြောလာမည်ဆိုး၍ နွေလယ်အမျိုးမျိုးတားစီးနေသည် …

🦋🌟☁️ နွေလယ်ည ရဲ့ ကောင်းကင်ပြာ ☁️🌟🦋Where stories live. Discover now