Chapter - 27

1.2K 186 35
                                    

Unicode
~~~~~~~

ထိုးကိုက်နေသည့်ခေါင်းကြောင့် နွေလယ်မျက်ခုံးများကိုကြုတ်လိုက်သည် ... ချမ်းအေးမှုတွေမရှိတော့ပဲ နွေးထွေးမှုတို့နဲ့အတူ အိပ်ယာမှနိုးထလာခဲ့သည် ... အလင်းရောင်စူးရှရှကြောင့် မျက်လုံးများမဖွင့်နိုင်သေးပဲ ပိတ်ထားမိဆဲပင် ... ပတ်ဝန်းကျင်က တိတ်ဆိတ်မနေတော့ပဲ ကားသံများနှင့် ပုံမှန်လှုပ်ရှားသံများကိုကြားနေရသည် ... ဘယ်ချိန်ထိအိပ်ပျော်သွားမိမှန်းပင်မသိတော့ခြေ ...

နွေလယ်မျက်လုံးကို ကြိုးစားကာဖွင့်ကြည့်မိတော့ ပြတင်းပေါက်က နေရဲ့အလင်းရောင်စူးရှရှက အခန်းထဲသို့တိုးဝင်နေခြေပြီ ... ထိုစဉ်တံခါးပွင့်သံနဲ့အတူ အခန်းထဲသို့ လူတစ်ယောက်ဝင်လာသည် ...

" နွေလယ်လေး ... နိုးပြီလား "

အခန်းထဲသို့ ဝင်လာသူက ဒေါ်မြပင် ... ဒေါ်မြရဲ့လက်ထဲမှာ ရေနွေးခွက်နဲ့ အဖုံးအုပ်ထားသည့် ခွက်တစ်လုံးယူဆောင်လာသည် ... အမျိုးသမီးအစေခံ ၂ ယောက်က တံခါးအခြေမှာ ရပ်စောင့်နေကြသည် ... နွေလယ်ခုမှသတိထားမိလိုက်သည်က သူဟာ နူးညံ့လှသည့်ဖဲမွှေ့ယာပေါ်ရောက်ရှိနေခြင်းပင် ... နံရံအခြေမှာရှိနေတဲ့ သူ့ရဲ့အိပ်ယာဟာ မရှိနေတော့ပေ ... ခုသူရောက်နေတာက နှိုင်းမရရဲ့ကုတင်ဖြစ်နေသည် ... နွေလယ် ဒေါ်မြအား ချက်ချင်းမေးလိုက်သည် ...

" ဒေါ်မြ ... ကျွန်တော့အိပ်ယာ ဘယ်ရောက်သွားတာလဲ "

" နွေလယ်လေးကြမ်းပြင်မှာအိပ်မိလို့ အဖျားဝင်သွားတယ်လေ ... ဒါကြောင့်သိမ်းလိုက်တာ ... ဒီလိုအေးတဲ့ရာသီမှာ အောက်မှာအိပ်လို့မဖြစ်တော့ဘူး "

" ဒါဆို ဒီကုတင်ပေါ်ကို ဒေါ်မြရွှေ့ပေးခဲ့တာပေါ့ ... ကျေးဇူးပါဒေါ်မြ "

ဒေါ်မြကအနည်းငယ်ကြောင်းအမ်းသွားပြီး နောက်မှပြုံးကာ ဆိုလိုက်သည် ...

" နွေလယ်လေးက ညကဖျားနေလို့မမှတ်မိတာဖြစ်မယ် ... နွေလယ်လေးကို ကုတင်ပေါ်ရွှေ့ပေးတာ သခင်လေးနှိုင်းမရပါ ... ပြီးတော့ အောက်ကအေးလို့မအိပ်ခိုင်းတော့တာလဲ သခင်လေးနှိုင်းမရကိုယ်တိုင်ပဲ ... ဒေါ်မြတောင်အံ့ဩနေတာ ... သခင်လေးက ဘယ်တုန်းကမှ ကုတင်တစ်ခုထည်းမှာ လူတစ်ယောက်နဲ့အတူမအိပ်တတ်ဘူး "

🦋🌟☁️ နွေလယ်ည ရဲ့ ကောင်းကင်ပြာ ☁️🌟🦋Where stories live. Discover now