Chapter - 42

1.3K 181 229
                                    

Unicode
~~~~~~~~

မနက်မိုးသောက် အလင်းရောက်သော် ထုံးစံအတိုင်း ဦးခွန်းလွန်ရဲ့ မိန့်ခွန်းစကားတွေကို နှိုင်းမရတစ်ယောက် နားသောသဆင်ရတော့သည် … သို့ပေမဲ့ ထူးထူးခြားခြား နှိုင်းမရရဲ့မျက်နှာက မှိုရထားသည့်ပမာ ပြုံးရွှင်နေပြီး မျက်နှာပိုးမသတ်နိုင်ဖြစ်နေ၏ … ယခင်အချိန်များကဆို ဖခင်ဆူလျှင် မျက်နှာကြီးမှုန်ကုတ်ထားပြီး စိတ်ဆိုးနေတတ်သည့်နှိုင်းမရက ယခု အလင်းရောင်များ ဖြာထွက်နေသလိုပင် တောက်ပလို့နေသည် …

ဦးခွန်းလွန်စကားအရှည်ကြီးပြောပြီးပေမဲ့ နှိုင်းမရထံက တုန့်ပြန်စကားမကြားရပဲ တစ်နေရာရာကိုငေးကာ ပြုံးနေတာကိုတွေ့လိုက်ရသည် … ဦးခွန်းလွန်ပင် အံ့အားသင့်ရပြီး နောက်ဆုံး ချောင်းဟန့်ကာ အသိပြန်ဝင်လာအောင် လုပ်ရတော့သည် …

" အဟမ်း … နှိုင်းမရ "

" ဗျာ "

နှိုင်းမရ သတိအနေအထားမှာရှိနေပြီး ဦးခွန်းလွန်အား အလန့်တကြားဖြင့်ကြည့်လာ၏ … အသိပြန်ဝင်သွားပုံပင် …

" မင်း … ငါပြောတာကို ကြားရောကြားရဲ့လား "

" ဟုတ် … ကြားပါတယ် "

" ငါ ဘာပြေားသွားတာလဲ "

" နောက်ရန်မဖြစ်ရဘူး … ရန်ထပ်ဖြစ်ရင် ကျောင်းနားခိုင်းမယ် … နောက်ထပ်ရဲစခန်းရောက်လို့ သတင်းဆိုးထွက်လာရင် မုန့်ဖိုးတစ်လစာဖြတ်မယ် … ဒါပဲမလား "

ပြောနေကြစကားတွေမို့ နှိုင်းမရ အလွတ်ရနေပြီ … ဒီနေ့ နှိုင်းမရရဲ့ တက်ကြွနေတဲ့ပုံစံကြောင့် ဦးခွန်းလွန်လဲ ဆက်ပြီးမဆူတော့ပဲ ပြန်ခွင့်ပေးလိုက်သည် … နှိုင်းမရ ဖခင်ဖြစ်သူရဲ့ အခန်းထဲကနေ ထွက်လာတော့ သူ့ရဲ့မျက်နှာက ချက်ခြင်းပြောင်းသွားလေတော့သည် … မသိရင် အရိုက်ခံထားရသည့် ကလေးတစ်ယောက်ပမာပင် … ပြီးနောက် အိမ်အောက်ထပ်သို့ ဆင်းလာ၏ …

နွေလယ်ညက ကျောင်းသွားရန် အဆင်သင့်ဖြစ်နေပြီး ဧည့်ခန်းထဲမှာ နှိုင်းမရကို ထိုင်စောင့်နေသည် … မျက်နှာမကောင်းစွာဖြင့် ဆင်းလာတဲ့ နှိုင်းမရကိုမြင်တော့ နွေလယ် စိုးရိမ်တကြီးဖြင့် မေးလိုက်သည် …

🦋🌟☁️ နွေလယ်ည ရဲ့ ကောင်းကင်ပြာ ☁️🌟🦋Where stories live. Discover now