Chapter - 11

2.2K 291 60
                                    

Unicode
~~~~~~~~

" နှိုင်းမရ…  ဒီသတင်းကဘာလဲ "

နှိုင်းမရ အိမ်ကိုရောက်ရောက်ချင်း ဦးခွန်းလွန်ရဲ့ဟိန်းဟောက်ခြင်းကိုခံရလေတော့သည် … ယခင်မိန်းကလေးတွေတုန်းက သတိပေးစကားလောက်သာပြောပေမဲ့ ဒီတစ်ခါတော့အမှန်အကန်ကြီး ဆူငေါက်ဖို့ကြံနေခြင်းပင် … ဦးခွန်းလွန်က ထိုအရာအား လက်ခံချင်ပုံမပေါ်ပေ …

" ဒါကဘယ်လောက် သိက္ခာမဲ့စေလဲမင်းသိလား … နွေလယ်နဲ့မင်း ဒီလိုသတင်းထွက်သင့်လား "

" အဖေပဲ သူနဲ့သင့်မြတ်အောင်နေခိုင်းခဲ့တာမဟုတ်ဘူးလား "

" ငါကမင်းကိုသင့်မြတ်အောင်ပဲနေခိုင်းတာ … မင်းကိုသွားရှုတ်ခိုင်းနေတာမဟုတ်ဘူး "

" မတော်တစဖြစ်သွားတာ "

နှိုင်းမရရဲ့အဖြေကြောင့် ဦးခွန်းလွန် သွေးများပင်စောင့်တက်မတတ်ပင် … ပုံကိုတလှည့် နှိုင်းမရကိုတလှည့်ကြည့်ကာ မပြောချင်တဲ့စကားလုံးတွေကို ထုတ်ပြောရတော့သည် …

" လူလယ်ခေါင်မှာ ပါးကိုနမ်းတာ မတော်တစတဲ့လား … မင်းဘာသာဘယ်သူနဲ့ရှုတ်ရှုတ် လက်မလွန်မချင်း ဝင်မပါဘူး … ခုကယောက်ျားလေးတစ်ယောက် … ပြီးတော့ သူက တက်လမ်းတွေအများကြီးရှိတဲ့ကလေးလေး … မင်းကိုမင်းဘာထင်လို့ သူ့ကိုဖျက်စီးဖို့ကြိုးစားနေတာလဲ … မင်းမိန်းကလေးတွေကိုရိုးသွားလို့ လို့တော့မပြောနဲ့နော် "

" ကျွန်တော်ကအဲ့လိုလုပ်စရာလား … ဒီကောလဟာလကိုယုံနေတဲ့အဖေ့ကိုပဲ အံ့ဩတယ် … ကို့သားကိုမယုံဘူးလား "

" အေး … မင်းကိုမယုံဘူး "

" ဒါဆို … သူ့ကိုမေးကြည့်လေ "

ခုမှအိမ်ထဲဝင်လာတဲ့နွေလယ်ကိုညွှန်ပြလိုက်ခြင်းပင် … နွေလယ်ကလဲ သူ့ကြောင့်နှိုင်းမရအဆူခံရမည်ကိုသိနေ၍ ဖြေရှင်းဖို့အဆင်သင့်ပင် … ဦးခွန်းလွန်ရှေ့ရောက်တော့ နွေလယ်ကဦးညွှတ်ကာ ချက်ချင်းတောင်းပန်လိုက်သည် …

🦋🌟☁️ နွေလယ်ည ရဲ့ ကောင်းကင်ပြာ ☁️🌟🦋Where stories live. Discover now