Chapter - 1

7.6K 532 64
                                    

Unicode
~~~~~~~~

နွေရာသီ ညတစ်ညရဲ့ အဆုံးမဲ့ ကောင်းကင်သည် အမှောင်ထုကလွဲ မည်သည့်အရာမှ ရှိမနေ ... တဝှီဝှီတိုက်ခပ်နေသည့် လေတွေက ပူလောင်လှသည့်အပြင် မီးရောင်မှိန်မှိန်အောက်၌ အကြီးတန်စေသည့် မြင်ကွင်းတစ်ခု ...

စုတ်တံလေးကို လက်မှာကိုင်လျှက် တစ်စက်စက်ကျနေတဲ့ အနီရောင်ဆေးရည်တွေက သွေအိုင်ဖြင့်ရောယှက်လို့သွားသည် ... စားပွဲပေါ်က မွေးနေ့ကိတ်လေးမှာ ထွန်းထားတဲ့ဖရောင်တိုင်မီးက ငြိမ်းသွားပြီး ပတ်ဝန်းကျင်ကလဲ အေးဆက်လို့သွားလေတော့သည် ...

" မေ ... မေမေ "

အသံတိုးတိုးလေးနဲ့ ကလေးငယ်ရဲ့ ခေါ်သံကထွက်ပေါ်လာ၏ ... သူ့ရဲ့အရှေ့တွင်တော့ လဲလျှောင်းနေသည့် သက်မဲ့ခန္ဓာကိုယ်တစ်ခု ... ရင်ဘက်နှင့် ဝမ်းဗိုက်တွင် ဓားရာအပေါက်လိုက်က သွေးများ အဆက်မပြတ်စီးကျနေပြီး အိုင်ထွန်းလျှက် မြင်သူတိုင်း သွေးပျက်လောက်စရာပင် ... ထိုအလောင်းဟာ ကလေးငယ်ရဲ့ဖခင်ဖြစ်ပြီး မိခင်ကအလောင်းကိုပိုက်ထားသည် ... ကလေးငယ်ရဲ့ဦးခေါင်ထဲမှာ ဗလာကျင်းလျှက် မြင်ကွင်းတွေကိုကြည့်ပြီး အံ့ဩမှင်သက်နေ၏ ...

သူမမျက်ဝန်းတွေက အသက်မဲ့စွာ လဲလျှောင်း အိပ်စက်နေသည့် ရုပ်အလောင်းအားကြည့်နေပြီး လက်ထဲမှာလဲ ဓားချွန်တစ်ချောင်းကိုကိုင်ဆောင်လျှက် ... သူမအရှေ့ တံခါးဝ၌ တိတ်ဆိတ်စွာရပ်နေသည့် ကောင်လေးထံ မော့ကြည့်ကာ ပဟေဠိဆန်စွာ ပြုံးလိုက်ပြီးနောက် ...

" သား ... နွေလယ်ည "

" ... "

ကောင်လေးထံက ဖြေသံမကြားရတော့ သူမစိုးရိမ်သွားပုံပင် ... သူမချက်ချင်း အလောင်းအားချခဲ့ကာ သားငယ်လေးထံသွားနေမိသည် ... မှင်သက်နေသည့် ကောင်လေးမျက်ဝန်းနက်လေးတွေမှ မျက်ရည်ကြည်များ စီးကျလာသည်ကို သူမမြင်လိုက်ရတော့ နီစွေးသောသွေးများ ပေကျံနေသည့် လက်တစ်စုံနဲ့ ကောင်လေး ပါးလေးအား ပွတ်သပ်ပေးလိုက်သည် ...

" မငိုနဲ့တော့ ... ဒီနေ့ သားလေးရဲ့မွေးနေ့လေ ... မငိုရဘူးနော် "

🦋🌟☁️ နွေလယ်ည ရဲ့ ကောင်းကင်ပြာ ☁️🌟🦋Where stories live. Discover now