Chapter - 43

1.3K 154 57
                                    


Unicode
~~~~~~~~

ဇေတစ်ယောက် စိတ်တွေရှုတ်ထွေးနေတာနဲ့ ထုံးဆန်အတိုင်း စိတ်ဖြေလျော့ဖို့ ကလပ်သွားခဲ့ပေမဲ့ ဆူညံသံတွေကြောင့် ပို၍ပင်စိတ်တိုလာခဲ့သည် ။ အရင်ကလို ပျော်ရွှင်မှုတွေကို မခုံမင်တော့ပဲ သူ့ရင်ထဲက ခံစားနေရတာတွေမွန်းကြပ်နေတာတွေကို ရင်ဖွင့်ချင်လာသည် ။ သူ့အားနားလည်ပေးပြီး သူ့ရဲ့စကားတွေကို နားထောင်ပေမဲ့သူက သူ့အကိုတစ်ယောက်ထည်းသာရှိပေမဲ့ ခုချက်ချင်း စေတန်ကိုပြန်ခေါ်ဖို့ကလဲ မဖြစ်နိုင်ဘူး ။

" အား … စိတ်ညစ်လိုက်တာကွာ "

သူအော်ညည်းနေစဉ်မှာပဲ ဖုန်းထဲသို့ မက်ဆေ့တစ်ဆောင်ဝင်လာ၏ ။

ငမူးကောင် - " ဟေ့လူ ခများဘယ်မှာလဲ … ကျွန်တော်ခများအခန်းဆီ လာလို့ရမလား "

" တေဇ "

ဇေမေ့နေတဲ့အရာတစ်ခုပေါ်လာသည် ။ စေတန်ပြီးရင် သူ့ရဲ့ဖုံးကွယ်ထားတဲ့ပုံစံနဲ့ ရင်းနီးတဲ့သူက တေဇဖြစ်ပြီး ထိုလူကတော့ ဂျက် ရဲ့စကားဆို နားထောင်လိမ့်မည် ။ သူချက်ချင်းပဲ ပြန်စာပို့လိုက်သည် ။

" ကိုယ်လာခေါ်ပေးရမလား "

ခနနေတော့ တစ်ဖက်ကလဲ ချက်ချင်းစာပြန်လာသည် ။

" ရတယ် … ခများအခန်းမှာပဲ စောင့်နေ … ကျွန်တော်လာခဲ့မယ် "

ဇေချက်ချင်းပဲ ကလပ်ကနေ သူ့ရဲ့အခန်းထံပြန်လာခဲ့သည် ။ တေဇသူမှန်းမရိတ်မိနိုင်အောင် စီးနေကျကား သုံနေကျအသုံးအဆောင်တွေနဲ့ ကွဲလွဲတဲ့ပုံစံကို ပြင်ဆင်ထားသည် ။

ဇေတုတဆိုတဲ့ လူငယ်လေးက လူတွေအရှေ့မှာတော့ အနေအေးပြီး စာတော်တဲ့ မာနကြီးသခင်လေးပုံစံဖြစ်ပြီး ဖုံးကွယ်ထားတဲ့ဂျက်ဆိုတဲ့ မျက်နှာဖုံးနဲ့လူကတော့ စကားပြောသွက်ကာ အမြဲရယ်မောနေပြီး အဝတ်အစားကို Sexy ကျကျဝတ်ဆင်ကာ ရှူးဂါးဒယ်ဒီပုံစံမျိုးဖြစ်သည် ။

ဇေအခန်းသို့ပြန်ရောက်ပြီး မကြာမှီ တေဇရောက်လာသည် ။ အခန်းတွင်းဝင်လာခြင်း အမောတကောနဲ့တေဇက ရေခဲသေတ္တာထံသွားကာ ရေယူသောက်ပြီးမှ ဇေထိုင်နေတဲ့ ဆိုဖာအနားဝင်ထိုင်လိုက်သည် ။

🦋🌟☁️ နွေလယ်ည ရဲ့ ကောင်းကင်ပြာ ☁️🌟🦋Where stories live. Discover now