Chapter - 34

1.2K 211 150
                                    

Unicode
~~~~~~~~

စိမ်းစိုနေတဲ့ တောင်တန်းတွေကြားမှာ အဖြူရောင်ဆေးရောင်များ ရေးချယ်နေ၏ … နွေလယ်က အဖိုးညွှန့် ပန်းချီရေးဆွဲနေခြင်းအား ဘေးနားကနေ စိတ်ဝင်တစားကြည့်နေရင်း ထိုနေရာ၌ နားမလည်နိုင်ဖြစ်သွားလေသည် …

သူသာဆိုလျှင် အစိမ်းရောင်တောင်တန်းတွေပြီးလျှင် လှပတဲ့စမ်းချောင်း သို့မဟုတ်လဲ တဲအိမ်လေးတစ်လုံးနဲ့ လယ်ကွင်းတွေကို ဆွဲမိလိမ့်မည် … ခုတော့အဖိုးညွှန့်က ဆန့်ကျင်စွာပင် အဖြူရောင်ဆေးရည်တွေကို နေရာလွတ်အပြည့်ချယ်သနေရာ တောင်ထိပ်လေးမျှပင်ဖော်ထားလေ၏ … နွေလယ် နားမလည်နိုင်စွာဖြင့် မေးကြည့်လိုက်သည် …

" ဖိုးဖိုး … ဒါကဘာလဲဟင် "

နွေလယ်အမေးကြောင့် ဆေးရောင်ချယ်နေတဲ့ အဖိုးညွှန့်ရဲ့လက်တွေ ရပ်တန့်သွားကာစုတ်တံအား အဖြူရောင်ဆေးရည်ခွက်ထဲထည့်လိုက်ပြီး …

" တိမ်ပင်လယ်လို့ခေါ်တယ် "

မကြားဖူးတဲ့နာမ်းစားမို့ နွေလယ်အံ့ဩသွားမိသည် … တိမ်ဆိုတာမိုးပေါ်မှာရှိတဲ့အရာ ပင်လယ်က မြေပြင်ပေါ်မှာရှိနေတဲ့အရာ … ထို ၂ ခုက ပေါင်းစပ်လို့ရနိုင်ပါ့မလား … သိချင်စိတ်ပြင်းပြစွာဖြင့် သူကမေးလိုက်သည် …

" ရေလိုအပြာရောင်မဟုတ်ပဲ အဖြူရောင်တွေကြီးပဲလားဟင် … တိမ်ကပင်လယ်နဲ့တူတဲ့တိမ်မျိုးလား … အပြင်မှာမြင်ရရင်အရမ်းလှမှာပဲ "

" သေချာတာပေါ့ မြေးလေးရဲ့ … အဖိုးငယ်ငယ်က တိမ်ပင်လယ်တွေကိုအရမ်းသဘောကျခဲ့တာ … သူတို့ကရေခိုးရေငွှေ့တွေမို့ အချိန်တိုင်းဖြစ်ပေါ်လေ့မရှိဘူး … ရာသီဥတုနဲ့လဲဆိုင်တယ်"

" ဒါဆို ကျွန်တော့ကိုလဲ တိမ်ပင်လယ်တွေအကြောင်း ပြောပြပါလား … သူတို့က ဘယ်လိုနေရာမျိုးတွေမှာရှိတတ်တာလဲဟင် "

" တိမ်ပင်လယ်ဆိုတာ တောင်တန်းတွေရှိတဲ့ နေရာတိုင်းမှာရှိတယ် … ဆောင်းရာသီမှာ ကုန်းအမြင့်ဆုံးပေါ်ကနေကြည့်ရင် မြူခိုးတွေကနေဖြစ်ပေါ်နေတဲ့ တိမ်ပင်လယ်တွေကိုတွေ့ရတတ်တယ် "

🦋🌟☁️ နွေလယ်ည ရဲ့ ကောင်းကင်ပြာ ☁️🌟🦋Hikayelerin yaşadığı yer. Şimdi keşfedin