Chapter - 44

1K 156 132
                                    

Unicode
~~~~~~~

လူတစ်ယောက်နဲ့တစ်ယောက် ချစ်ကြိုက်ကြတဲ့နေရာမှာ ဘာတွေကများ ကွာခြားသွားလေသလဲ … ယောက်ျားမိန်းမ လိင်တူ လိင်ကွဲ ထိုအရာတွေက အမှန်တကယ် အရေးပါနေသလား ? ထိုမေးခွန်းတွေရဲ့အဖြေကိုရရှိဖို့ နှိုင်းမရတစ်ယောက် ကြိုးစားနေတော့သည် ။

သူ့ဘဝမှာ အမှန်တကယ် ကြိုက်နှစ်သက်ခဲ့ဖူးတဲ့လူတစ်ယောက်ရှိခဲ့ပြီး တွဲခဲ့ဖူးတဲ့လူများစွာရှိသည် ။ ကျန်လူများအပေါ်ထားရှိခဲ့တဲ့ သူ့ရဲ့အချစ်တွေက အပေါ်ယံသပ်သပ်ဖြစ်ပြီး စိတ်ပျော်ရွှင်ဖို့တစ်ခုထည်းအတွက်သာ ။ ဘယ်သူမှလဲ သူ့ရဲ့နှလုံးသားကို ခုန်ပေါက်လာအောင် မလုပ်ဆောင်နိုင်ခဲ့ကြဘူး ။

ယခုနောက်ပိုင်းတော့ အရင်ကထက်ပျော်ရွှင်ရပြီး သူ့ရဲ့နှလုံးခုန်သံတွေဟာလဲ ပုံမှန်ထက်မြန်ဆန်လာခဲ့သည် ။ အစက စိတ်လှုပ်ရှားလို့ပဲဟုထင်မိပေမဲ့ ခုတော့ ထိုအရာကတဖြေးဖြေး တစ်ချိန်ကဖြစ်ပေါ်ဖူးတဲ့ နှလုံးသားရဲ့ခုန်ပေါက်သံဆိုတာ သိလာရသည် ။

ဘယ်ကနေစပြီး ဖြစ်လာခဲ့သလိုဆိုလျှင် မန္တလေးကနေပြန်လာပြီးနောက် သူအမြဲနှလုံးခုန်တွေမြန်ဆန်လာသည် ။ ထိုအချိန်က မေမိုးပွင့်ပြန်ရောက်လာသည့်အချိန်ဖြစ်နေ၍ သူမကြောင့်များ အတိတ်ကကိစ္စတွေကိုပြန်အမှတ်ရပြီး ရင်ခုန်နေမိလားဟု အတွေးဝင်လာမိပြန်သည် ။

သို့ပေမဲ့ သူမမရှိတဲ့အချိန်တွေ ခရီးထွက်ရတဲ့အချိန်တွေမှာလဲ ထူးထူးခြားခြား သူ့ရဲ့နှလုံးခုန်သံတွေက မြန်နေပြီး ဘယ်တုန်းကမှမရှိခဲ့ဖူးသည့် ပျော်ရွှင်မှုမျိုးကို ရရှိခဲ့သည် ။ ထိုရင်ခုန်ပျော်ရွှင်မှုကို အချစ်ဟုခေါ်သလား ? အတွေးများစွာဖြင့် နှိုင်းမရ ခေါင်းတွေရှုတ်ထွေးနေပြီး အရှေ့မှာချထားတဲ့ ရေသန့်ဘူးအား ကောက်သောက်လိုက်သည် ။

သူယခု ကျောင်းဝန်းရှေ့ ပထမနှစ်အတန်းတွေနဲ့ မလှမ်းမကမ်းက ခုံတန်းတစ်ခုပေါ်မှာထိုင်နေပြီး အိမ်ပြန်ဖို့အတွက် နွေလယ်ညကို စောင့်နေခြင်းဖြစ်သည် ။ မေမိုးပွင့် ကောင်စီအဖွဲ့ထံရောက်လာပြီးနောက် နွေလယ်ညဟာလဲ ထက်မြတ်နဲ့အတူနေဖို့အချိန်ပိုရရှိသွားသည် ။ ဒါတွေကို နှိုင်းမရ စိတ်မချနိုင်ဖြစ်နေခြင်းပင် ။

🦋🌟☁️ နွေလယ်ည ရဲ့ ကောင်းကင်ပြာ ☁️🌟🦋Where stories live. Discover now