Chapter - 4

2.9K 391 79
                                    

Unicode
~~~~~~~


နောက်တစ်နေ့တွင် ……

" သခင်လေး နိုးပြီလား … မနက်စာ ပြင်ထားပြီးပါပြီ "

ဒေါ်မြက နှိုင်းမရအတွက် မနက်စာပြင်ပေးပြီးနောက် စားပြီးသားခွက်တွေကို ဆေးကြောဖို့ယူသွားလေသည် … ခုချိန်မှာ အိမ်ထဲ၌ ဖခင်လဲမရှိသလို ဟိုကောင်လေးလဲရှိမနေတဲ့အတွက် နှိုင်းမရ မေးကြည့်လိုက်သည် …

" ဒေါ်မြ ကျန်တဲ့လူတွေရော "

" သခင်ကြီးက မနက်စောကပဲ ကျောင်းမှာကိစ္စရှိလို့ ထွက်သွားတယ် … နွေလယ်လေးကတော့ ခုပဲမနက်စာစားပြီး ထွက်သွားတာ "

" သူကျောင်းကို ဘာနဲ့သွားတာလဲ "

" သူ ဘတ်စ်ကားနဲ့သွားမယ်လို့ပြောတယ် … ဒီကနေဆို ၂ ဆင့်လောက်တော့စီးရလိမ့်မယ် … အဲ့ကလေးလေးကလေ ကားငှားသွားပါဆိုတာကို ပိုက်ဆံကုန်မှာဆိုးလို့တဲ့လေ … ဒီလိုသာနေ့တိုင်းဆိုရင် သူပဲပင်ပန်းမှာ "

နှိုင်းမရ ဘာမှဆက်မမေးတော့ပဲ ဒေါ်မြပြင်ပေးထားတဲ့မနက်စာကို တိတ်ဆိတ်ကာစားနေလိုက်သည် … ညက သူ ကောင်လေးကိုစကားပြောဖို့ကြိုးစားကြည့်ပေမဲ့ အေးဆက်တဲ့ထိုကောင်လေးက ကတိအတိုင်း သူ့အားစိတ်အနှောက်အယှက်မပေးတဲ့အပြင် ခုဆိုသူနဲ့မတွေ့အောင် တမင်ရှောင်နေသလားတောင်ထင်ရသည် … နှိုင်းမရလဲ မနက်စာစားပြီးသွားတော့ ကျောင်းသို့ ထွက်လာခဲ့လေသည် …

နှိုင်းကျောင်းရောက်တော့လဲ ပထမနှစ်တွေဘက် ထိုကောင်လေးရှိမလားကြည့်မိပေမဲ့ မတွေ့ရဘူး … သူလိုလူက နေရာတကာလျှောက်သွားနေ၍မဖြစ်တာမို့ ပုံမှန်အတိုင်းသာနေနေရသည် … ပြီးတော့ လူတစ်ယောက်ကို ရှာဖွေတာကလဲ သူ့စတိုင်မဟုတ်နေဘူး … ဒီကောင်လေးက သူ့ကိုစိတ်အနှောက်အယှက်မပေးပေမဲ့ စိတ်မသက်မသာခံစားအောင်တော့ လုပ်နိုင်သည် …

တေဇတို့အုပ်စုကတော့ ဟိုတစ်ခါ နွေလယ်ကိုအနိုင်ကျင့်ပြီးညနေကျောင်ကအပြန်  နှိုင်းမရခြောက်လှန့်ထားတာကြောင့် သူတို့လဲနွေလည်ညကိုမရှာဖွေတော့ပဲ ငြိမ်နေကြသည် … နွေလယ်ထမင်းလာစားတတ်တဲ့ ကုက္ကားပင်အနားကြည့်လျှင်လဲမတွေ့ရတော့ဘူး …

🦋🌟☁️ နွေလယ်ည ရဲ့ ကောင်းကင်ပြာ ☁️🌟🦋Where stories live. Discover now