Chapter - 39

1K 170 143
                                    

Unicode
~~~~~~~~

လှပသည့်အိမ်မက်တွေကနေတဆင့် ရုတ်တရပ် နာကျင်မှုတစ်စုံတစ်ရာကို ခံစားမိလိုက်သည် … ရင်ဘက်ကလား ? မဟုတ်ပြန် … ရင်ဘက်ထဲမှာတော့ နှလုံးသားက ခုန်ပေါက်ကာ လှုပ်ရှားလို့နေ၏ …

နွေလယ်မျက်ဝန်းတွေကို တဖြေးဖြေး ဖွင့်ကြည့်မိတော့ တစ်ခြားသူရဲ့  မျက်တောင်ရှည်တွေက သူနဲ့ တစ်စင်တီမီတာ အကွာလောက်မှာရှိနေပြီး အသက်ရှူသံပြင်းပြပြက သူ့အားစီးကြိုလို့နေသည် …

နာကျင်နေသည့်အရာက ဘာဆိုတာ သဘောပေါက်လိုက်ပြီ … သူ့ရဲ့ နှုတ်ခမ်းအား အကိုက်ခံထားခြင်းဖြစ်သည် …

" အ "

နွေလယ်အသံပြုလိုက်တော့ နှိုင်းမရ ချက်ချင်း ဖယ်ခွာကာ သူ့ရဲ့နှုတ်ခမ်းတွေကို လက်ဖြင့်ပွတ်သပ်လိုက်ရင်း တည်ငြိမ်အောင်ကြိုးစားနေ၏ …

အရှေ့ရပ်ဝန်းက နေရောင်စူးစူးက သူ့ရဲ့မျက်နှာထံ ဖြာကျနေ၍ ပါးများ နီရဲနေသည်ကို နွေလယ် သတိထားမိမည်မဟုတ်ခြေ … သူလို လူတကားကို ချေလာခဲ့တဲ့သခင်လေးက ဒီကလေးနဲ့မှ ခံလိုက်ရတယ်လို့ … ပြီးတော့ ခိုးနမ်းတာကို မိသွားတဲ့အဖြစ် က သူ့ဘဝမှာအဆိုးဝါးဆုံးအရှက်ကွဲမှုကြီးပင် … နှိုင်းမရ မျက်နှာပင် ဘယ်ချောင်ထိုးရမှန်း မသိတော့ပေ …

နွေလယ်က ဘာတွေဖြစ်ပျက်သွားလဲ နားမလည်နိုင်၍ အံ့အားမှင်သက်စွာ နှိုင်းမရအား ငေးကြည့်ရင်း သူ့ရဲ့နှုတ်ခမ်းအား လက်ဖြင့်စမ်းလိုက်ပြီးနောက် ရုတ်တရပ်ဆိုလိုက်သည်  …

" ကျွန်တော့ကို ကိုက်တဲ့အကောင်ကို မိပြီထင်တယ်  "

နှိုင်းမရ လန့်သွားသည် … နွေလယ် ထိုသို့တုန့်ပြန်လိမ့်မည်ဟု ထင်မထားမိ၍ပင် … နွေလယ်က သူအား လက်သီးဖြင့်ထိုးရင်ထိုး မဟုတ်တောင် တွန်းထုတ်ကာ ထွက်ပြေးလိမ်မည်ဟု တွေးထားခဲ့ခြင်းပင် …

နှိုင်းမရ သူနဲ့မတူတဲ့ပုံစံဖြင့် စကားအထစ်ထစ်နဲ့ ဆိုနေမိတော့သည် …

🦋🌟☁️ နွေလယ်ည ရဲ့ ကောင်းကင်ပြာ ☁️🌟🦋Where stories live. Discover now