Chapter - 19

1.3K 194 33
                                    

Unicode
~~~~~~~

" နှိုင်း မင်းဒီနေ့ပြုံးနေပါလား … ဘာတွေကိုသဘောကျနေတာလဲ "

ပုံမှန်ဆိုရုပ်တည်နေတတ်တဲ့နှိုင်းက ထူးခြားစွာ ပြုံးရွှင်နေ၍ ဇေက မေးမြန်းလိုက်ခြင်းဖြစ်သည် … နှိုင်းမရကိုယ်တိုင်လဲ ထိုအခါမှ သူအလိုလိုပြုံးမိနေမှန်း သတိထားမိသွားကာ ပြန်ရုပ်တည်သွားလေသည် …

" ဟေး … မင်းပြုံးနေတာကြည့်ကောင်းတာကို ဘာဖြစ်ပြန်တာလဲ "

" ငါဘယ်တုန်းက ပြုံးမိလို့လဲ "

ထိုအခါ စေတန်က ဝင်ပြောသည် …

" မင်းငါတို့ကိုညာလို့မရပါဘူး … မင်းဘာတွေစိတ်ကြည်လင်နေတာလဲ … ငါတို့ကိုလဲပြောပြ "

ထိုအခါမှ နှိုင်းမရ တစ်စုံတစ်ရာတွေးမိသွားပြီး စေတန်နဲ့ဇေအား တိုးတိတ်စွာပြောလိုက်သည် …

" မင်းတို့သိလား … နွေလယ်ညက ပန်းချီဆွဲတတ်တယ် "

" အော် … ဟမ် "

စေတန်နဲ့ဇေတို့ ၂ ယောက်သား တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြသည် … နှိုင်းမရပြုံးနေတာမဆန်းတော့ပေ … ဒီလိုမျိုး နှိုင်းမရကို စိတ်ပျော်ရွှင်အောင် လုပ်နိုင်သူမရှိခဲ့တာ ကြာပြီဖြစ်သလို ဘယ်ပန်းချီရေးဆွဲသူကမှ နှိုင်းမရရဲ့စိတ်ကိုပြောင်းလဲနိုင်ခြင်းမရှိခြေ …

ဇေတို့ညီအကိုနဲ့နှိုင်းစတွေချိန်က နှိုင်းမရဟာ အလွန်အေးဆက်ပြီး ငေးငိုင်နေတတ်သည် … နှိုင်းမရက အရာရာပြီးပြည့်စုံတယ်ထင်ရပေမဲ့ သူတစ်စုံတစ်ရာကို မေ့မရဖြစ်နေတာတော့ သေချာသည်  … သူပန်းချီရေးဆွဲတတ်သူတစ်ယောက်နဲ့ တွေ့ပြီးနောက် စပြီး သူအများကြီးပြောင်းလဲသွားခဲ့သည် …

ထိုအချိန်မှစ၍နှိုင်းမရဟာလဲ သူမအနားတွင် ကူညီရင်းအချိန်ကုန်ဆုံးခဲ့သည် … သူက သူမကိုနှစ်သက်တာလား ပန်းချီရေးဆွဲခြင်းကိုနှစ်သက်တာလားဆိုတာပင် ဝေခွဲနိုင်ခြင်းမရှိခဲ့ချေ … ယခုနှိုင်းမရရဲ့စိတ်ကို ထပ်မံဖမ်းစားလိုက်နိုင်တဲ့လူတစ်ယောက်ပေါ်လာခဲ့လေပြီ … ထိုအခါမှ ဇေနဲ့စေတို့အတွေးပေါက်သွားကြသည် …

🦋🌟☁️ နွေလယ်ည ရဲ့ ကောင်းကင်ပြာ ☁️🌟🦋Where stories live. Discover now