Chapter - 22

1.3K 229 65
                                    

Unicode
~~~~~~~~


ခွန်းခပ်ရိပ်အိမ်တော်အတွင်းသို့ အနက်ရောင် ကားတစ်စီးဝင်လာပြီး ကားပေါ်မှဆင်းလာသူကတော့ နှိုင်းသူရပင် … ဆံနွယ်နက်နက်တို့အား အထက်သို့ပင့်တင်ထားပြီး ဒေါင်ကောင်းလှတဲ့အရပ်အမောင်းနဲ့စတိုင်ကျစွာဝတ်ဆင်ထားပုံက လူငယ်မဆန်လူကြီးမဆန်ပဲ လိုက်ဖက်ညီကာ လွန်စွာခန့်ညားနေသည် … သူရရဲ့အနောက်တွင်တော့ သူ့ရဲ့ဘော်ဒီကတ်များနှင့်လက်ထောက်တစ်ဦးပါရှိသည် …

" သခင်လေး ကျွန်တော်သခင်ကြီးကို ဆက်သွယ်လိုက်ရမလား … တစ်လမ်းလုံးစိတ်ပူပြီးမေးနေတာ "

သူရက မရောက်ဖြစ်သာကြာပြီဖြစ်တဲ့အတွက် အိမ်ရှေ့က ပန်းအလှပင်တွေကိုငေးမောနေပြီး သစ်ပင်အောက်ကဒန်းလေးထံအကြည့်ရောက်သွားရင်း လက်ထောက်ဖြစ်သူအမေးကြောင့် အနည်းငယ်စိတ်မရှည်ဟန်ဖြင့် ပြန်ဖြေလိုက်သည် …

" နေဦး ငါခုမှဦးလေးအိမ်ရောက်တာ … အမောတောင်မဖြေရသေးဘူး "

" တောင်းပန်ပါတယ် … အိမ်ထဲဝင်ပါ "

သူရလဲ သူ့ကိုစောင့်မျှော်နေတဲ့အစောင့်တွေ တံခါးဝမှာရပ်နေတာကြောင့် အိမ်တော်ထဲသို့ တည်ငြိမ်စွာပင် ဝင်လာခဲ့သည် …  နှိုင်းသူရ ရောက်လာတော့ ဒေါ်မြက ပျော်ရွှင်စွာပင် စီးကြိုသည် … ဦးခွန်းလွန်က ဧည့်ခန်းမှာထိုင်နေပြီး အိမ်ထဲသို့ဝင်လာသည့် သူရအားမြင်တော့ စာရွက်စာတန်းတွေစီစစ်နေတာကို ရပ်လိုက်ပြီး …

" သူရ ရောက်လာပြီလား … အထုပ်အပိုးတွေဒေါ်မြကို စီစဉ်ပေးခိုင်းလိုက် "

ဒေါ်မြက သူရပါလာတဲ့အထုပ်တွေကိုယူဆောင်လာတဲ့ ဘော်ဒီကတ်နဲ့လက်ထောက်ဖြစ်သူအား သူရအခန်းရှိရာသို့ ခေါ်ဆောင်သွားလေသည် … သူရက ဦးခွန်းလွန်နဘေးသို့ ဝင်ထိုင်လိုက်ပြီး …

" ဦးလေး … ဒီတစ်ခါတော့ ကျွန်တော်ဘယ်လောက်ကြာအောင် နေရမလဲမသိသေးဘူး "

" ကြာလေကောင်းလေ … ဒါမှမင်းညီအဖော်ရမှာ "

" နှိုင်းမရက အရင်ကလောက်မဆိုးတော့ဘူးမဟုတ်လား "

🦋🌟☁️ နွေလယ်ည ရဲ့ ကောင်းကင်ပြာ ☁️🌟🦋Where stories live. Discover now