Chapter - 18

1.4K 225 41
                                    

Unicode
~~~~~~~~

" စုံစမ်းခိုင်းထားတာ ရပြီလား "

" ကျွန်တော် အဲ့ဒိကလေးရဲ့နောက်ကြောင်းကို အတိအကျမသိရဘူး Sr … ခွန်းခပ်ရိပ်က ဘယ်သူမှမသိနိုင်အောင် ကိုယ်ရေးအချက်အလက်တွေကို ဖွက်ထားတယ် … အပြင်ထွက်တာရှားလို့ သူ့ကိုတွေ့ဖို့ဆိုတာမလွယ်ဘူး … ပြီးတော့ ခွန်းခပ်ရိပ်သခင်လေးကိုယ်တိုင်က သူ့ကိုစောင့်ရှောက်ပေးနေလို့ ဖမ်းပြီးစစ်မေးဖို့တောင်မဖြစ်နိုင်ဘူး "

" စိတ်ဝင်စားစရာပဲ … သာမန်လူတစ်ယောက်ကို ဒီလောက်ထိ ကွယ်ဝှက်ပေးထားတယ်ဆိုတော့ ဒီကလေးက ခွန်းခပ်ရိပ်အတွက် အလွန်အရေးပါလို့ဖြစ်မယ် "

" ဒါဆို သခင်လေ ထက်မြတ်ကို ဘယ်လိုပြောရမလဲ … ခုချိန်ထိ … "

စကားပြောတုန်းမှာပင် ခြံဝန်းထဲသို့ကားတစ်စီးဝင်လာခြင်းကြောင့် သူတို့စကားဝိုင်းကို ရပ်လိုက်ကြသည် … ဦးထက်သာသည် ဧည့်ခန်းထဲမှာ ထိုင်နေပြီး သူ့ရဲ့ နဘေးမှာတော့ အနတ်ရောင်ဝတ်ဆုံပြည့်နဲ့လူတစ်ယောက်ရပ်နေသည် … ထက်မြတ်ဝင်လာတော့ ထိုလူက ထက်မြတ်အား အရိုအသေပေးလိုက်သည် …

" သခင်လေး "

ထက်မြတ်သူတို့နားလျှောက်လာပြီး ဝင်ထိုင်လိုက်သည် … နွေလယ်ညကို ခေါ်ထုတ်ဖို့အကူအညီတောင်းခံထားတာ တစ်ပတ်ပြည့်ပြီဖြစ်ပေမဲ့ ဘာမှထူးခြားမလာသည့်အတွက် ထက်မြတ်မျက်နှာမကြည်မသာဖြစ်နေ၏ …

နွေလယ်ညက နှိုင်းမရနှင့် ပို၍အနေနီးလာကာ သူ့ကိုပင်မေ့လျော့လာပြီး ယခင်ကလောက်အချိန်ကုန်ဆုံးမှုနည်းပါးလာသည် … အားလပ်ချိန်များပင် သူနဲ့အတူ ပန်းချီဆွဲခြင်းမျိုးမရှိတော့ပေ … ထက်မြတ်စိတ်မရွှင်မလန်းဖြစ်နေတာကိုရိပ်မိနေတဲ့ ဦးထက်သာက စတင်စကားဆိုလိုက်သည် …

" ကျောင်းမှာ ပြဿနာဖြစ်လာလို့လား "

" ကျွန်တော် ဘယ်သူနဲ့မှပြဿနာမဖြစ်ဘူး "

" ဒါဆို မင်းပုံစံက ဘာလိုမှိုင်နေတာလဲ … စိတ်ရှုတ်စရာရှိလို့လား "

🦋🌟☁️ နွေလယ်ည ရဲ့ ကောင်းကင်ပြာ ☁️🌟🦋Where stories live. Discover now