Chapter - 45

1.1K 135 35
                                    

Unicode
~~~~~~~~

" ငါတို့ အဖွဲ့အစည်းကနေ ကြိုဆိုပါတယ်ကွာ "

ခစစ်က အရက်ခွက်ကိုပင့်မြှောက်လျှက် နှိုင်းမရအား ကြိုဆိုလေတော့သည် ။ ဒီနေ့တော့ ခစစ်ရဲ့ဘားထံ နှိုင်းမရတစ်ယောက်ထည်းထွက်လာခဲ့ပြီး နွေလယ်ကိုတော့ အိမ်မှာထားခဲ့သည် ။

" မင်းက မင်းညီကိုလိုက်မယ်လို့ပြောတုန်းက တကယ်အံ့ဩသွားတာ … မင်းတကယ်ကိုပဲအများကြီးပြောင်းလဲသွားပြီနှိုင်းမရ "

" ငါလဲမင်းပြောင်းလဲသွားတုန်းကအံ့ဩနေတာ … ဒါပေမဲ့ ခုငါတကယ်ကြုံတွေ့ရတော့ အဲ့ဒိခံစားချက်ကလဲ ကောင်းတယ်လို့ထင်တယ် "

" မင်းတကယ်ရော သဘောကျတာသေချာရဲ့လား … လက်တည့်စမ်းကြည့်ချင်တာမျိုးရော မဖြစ်နိုင်ဘူးလား "

" ဟေးအဲ့လိုတော့မဖြစ်နိုင်ဘူး … ငါဘယ်ကောင်လေးကိုမှ အဲ့လိုအတွေးမျိုးမတွေ့ခဲ့ဖူးဘူး "

" ဒါဆို မင်းညီလေးအပေါ်မှာပဲ အဲ့လိုတွေးခဲ့တာပေါ့ … သူ့ပုံစံက သနားစရာကောင်းနေတော့ သူ့ကိုမင်းသနားနေမိတာကြောင့်လား "

" ငါလဲမသိဘူး … ငါသူ့ကိုတကယ်သဘောကျမိနေတာ … အစကအဲ့ဒါကမဖြစ်နိုင်ဘူးလို့ အကြိမ်ကြိမ်တွေးကြည့်ပေမဲ့ ငါသူ့ကိုကြည့်နေမြင်နေရရင်ကိုသဘောကျနေမိတာ … ငါတကယ်တန်ဖိုးထားမိတဲ့သူကို ရှာတွေ့ပြီလို့ထင်တယ် … အဲ့ဒိအရာကို ပိုင်ဆိုင်ချင်တယ် … ဘယ်သူ့ကိုမှမပေးနိုင်ဘူး "

နှိုင်းမရက အချစ်ရေးကိုပေါ့ပျက်ပျက်တွေးတတ်သူမို့ ခစစ်ကကြိုတင်စမ်းသပ်ကြည့်နေခြင်းပင် ။ နှိုင်းမရ တုန့်ပြန်မှုက လေးနက်ပြီး အမှန်တကယ်ပြောင်းလဲသွားပုံပင် ။

" အိုး … ငါသဘောပေါက်ပြီ … ဒါဆို မင်းသူ့ကို ဘယ်ကနေစလိုက်မှာလဲ စဉ်းစားပြီးပြီလား … ချက်ချင်းကြီးသွားဖွင့်ပြောရင် မင်းကိုသူယုံကြည်မှာမဟုတ်ဘူးနော် "

" အေး … ငါမင်းဆီကို လာတွေ့တာလဲ အဲ့ဒါမေးဖို့ပဲ … ငါအရင်ကတွဲခဲ့တဲ့လူတိုင်းက ငါကလိုက်စရာမလိုအောင်ကို သူတို့ကငါ့ကိုအရင်လိုက်ကြတာ … ခုငါ့ညီလေးကိုဘယ်လိုစလိုက်သင့်လဲ "

🦋🌟☁️ နွေလယ်ည ရဲ့ ကောင်းကင်ပြာ ☁️🌟🦋Where stories live. Discover now