twenty - one (unicode)

2K 242 40
                                    

Love is burning ...
Like a ...
PHOENIX...
_____________

အရာရာတိုင်းမှာ အားသာချက်နဲ့ အားနည်းချက် ဆိုပြီး နှစ်ဖက်ရှိတတ်တယ်... ။ ငါတို့လုပ်ရမှာက အဲ့ဒီနှစ်ဖက်လုံးကို မျှ ကြည့်ပေးဖို့ပဲ... ။

ဘူတန်နိုင်ငံဟာ ဧရိယာကျဉ်းမြောင်းတဲ့ ကုန်းတွင်းပိုင်း နိုင်ငံငယ်လေး ဖြစ်တယ်... ။ အင်အားကြီးနိုင်ငံတွေရဲ့ ကိုလိုနီပြု နယ်ချဲ့ခြင်းကိုလည်းမကြုံတွေ့ခဲ့ရဘူး... ။ နယ်ချဲ့ခြင်း မခံခဲ့ရတဲ့ဘူတန်ရဲ့ အားသာချက်ကဘာသာအယူဝါဒတွေ နဲ့ ယဉ်ကျေးမှုတွေ ကို ရှေးမူမပျက် ထိန်းသိမ်းလာနိုင်တယ်... ။ အားနည်းချက်ကတော့ ပညာရေးနိမ့်ကျတာပါပဲ... ။

နယ်ချဲ့ခြင်းကို ခံခဲ့ရတဲ့ အခြား အာရှနိုင်ငံတွေ... ဥပမာအားဖြင့် မြန်မာနိုင်ငံ ဆိုရင် ပညာရေးသိပ်ကောင်း ခဲ့ တယ်... ။ ကျွန်ပညာရေး ဆိုတဲ့ အားနည်းချက်ကို ခဏဘေးဖယ်ထားပြီး ကြည့်လိုက်ကြရအောင်...။ ၁၈၇၈မှာ ဆိုရင်ပဲ ရန်ကုန် တက္ကသိုလ်ဟာ *Rangoon Collage*အမည် နဲ့ စတင်ဖွင့်လှစ်နေပြီ... ။ ၁၉၂၀အစောပိုင်းမှာ *Universtiy Collage* အမည်နဲ့ နိုင်ငံတကာ အသိအမှတ်ပြု တက္ကသိုလ်တစ်ခု ဖြစ်နေပြီ... ။ အဓိကပညာရပ်ကြီး သုံးခုဖြစ်တဲ့ အနုပညာ...သိပ္ပံ နဲ့ ဥပဒေပညာတွေကို သင်ကြားနိုင်ပြီ...။ ဒါတောင် ရန်ကုန်တက္ကသိုလ် ပဲ ရှိသေးတာ... ။

၁၉၅၀ ဆိုတဲ့အချိန်ဟာ မြန်မာနိုင်ငံမှာ မန္တလေးတက္ကသိုလ်တောင် ဖွင့်လှစ်ပြီးခဲ့တာကြာပြီ ဖြစ်ပေမယ့် ဘူတန်နိုင်ငံမှာတော့ သင်ဖူး လိုမြို့တော်ကြီးမှာတောင် ပွဲကျောင်း ခေါ်တဲ့ဘုန်းကြီးကျောင်းပညာရေးသာ ရှိနေသေးတယ်... ။

ပထမဆုံး မူလတန်းကျောင်းကို သင်ဖူးမှာ စတင်ဖွင့်လှစ်ခဲ့တယ်... ။ အလယ်တန်းပညာကို ဆက်သင်ကြားချင်သူတွေဟာ အိန္ဒိယနိုင်ငံကိုသွား ကြရတာမို့ ပညာသင်ကြားသူ မရှိသလောက် နည်းပါးတယ်... ။

၁၉၆၁မှာ အလယ်တန်းပညာရေးက ဘူတန်ကို ရောက်ပြီ... ။ အိန္ဒိယနိုင်ငံရဲ့ ပညာရေးစနစ်ကို ကျင့်သုံးတာမို့ ဂျူ နီယာအထက်တန်း နဲ့ စီနီယာအထက်တန်း ဆိုပြီး ခွဲခြားသင်တယ်... ။ ၁၉၈၁မှာ ဂျူ နီယာအထက်တန်းကျောင်း ၂၁ကျောင်း နဲ့ စီနီယာအထက်တန်းကျောင်း ၉ကျောင်း ရှိနေပြီ... ။ ဒါပေမယ့် ကျောင်းသားအရေအတွက်ကတော့ ငါးရာတောင် မပြည့်... ။

PHOENIX |[ completed ]|Место, где живут истории. Откройте их для себя