7

75 8 0
                                    

.U.

အပိုင်း(၇)

       ငါ အိမ်မက်ရှည်ကြီးတစ်ခုကို မက်တယ်။အိမ်မက်ထဲမှာ သူ ငါ့ကို သိပ်ချစ်တာ တဲ့ ။ ငါ့ကို ညင်ညင်သာသာလေးပွေ့ဖက်ပြီး ငါ့ဆန္ဒတွေ ကို မေးနေခဲ့တာ တဲ့… ။

"မင်း ဘာလုပ်လိုက်တာလဲ လို့ ငါမင်းကို မေး နေ တယ်……"

     အခန်းပြင်ကမစ္စတာပတ်ရဲ့ ဒေါသတကြီးအော်သံမှာ ငါ နိုး လာတယ် ။ ဘယ်ဘက်ကျောပြင်တစ်ခြမ်းလုံးက မီးလောင်ထားသလိုပဲ စူးစူးဝါးဝါးနာကျင်နေတယ် ။

"ကျနော်ပိုင်တဲ့အရာကို ကျနော်ပိုင်ကြောင်းပြလိုက်တာလေ…"

       သူ ဟက်ကနဲ တချက်ရယ်တယ်။ သူ့ရယ်သံနောက်မှာ ငါ သိလိုက်တယ်။ အိမ်မက် ဆိုတာ တကယ်ဖြစ်မလာတဲ့အရာ…။
       ငါ အနာရှိန်နဲ့ တပတ်တိတိဖျားတယ်။ ငါ သက်သာစပြုလာတဲ့ရက်မှာ သူ ငါ့လက်ကို ဆွဲပြီး မစ္စတာပတ်ရှေ့ ခေါ်လာတယ် ။ ငါ့ကို မစ္စတာပတ် စိုက်ကြည့်နေမယ်ဆိုတာ ငါသိတယ်။ ငါ ပြန်မကြည့်ဝံ့ပါဘူး…။ ကျေးဇူးရှင်ကို ကျေးဇူးကန်းခဲ့မိတယ် လို့ ငါ ခံစားရတယ် ။

"အဖေဖြစ်စေချင်တဲ့အတိုင်း တယ်ရိုမြို့ က ဈေး ကွက်ကို ကျနော်ပိုင်စေရမယ်… အလဲအလှယ်အနေနဲ့ ကျနော် ဘတ်ဟျွန်းနီ ကို လက်ထပ်မယ်… "

      သြော်… လို့ ငါ ခပ်တိုးတိုးရေရွတ်လိုက်တယ် ။
သူ ငါ့ကိုချစ်တယ်ဆိုတာ ငါသိတယ် ။ ငါမသိ တာ ငါ ဘယ်တုန်းက လဲလှယ်ရတဲ့ ကုန်ပစ္စည်းတစ်ခုအဖြစ် ပြောင်းသွားရပြန်တာလဲ ဆိုတာပဲ ။
      ငါ သူ့မျက်နှာကို မော့ကြည့်လိုက်တယ် ။ သူ နည်းနည်းတော့ ပေါ့ပါးနေသလိုပဲ ။ လိုချင်တာရသွားတဲ့ ကလေးတယောက်လိုမျိုး သူ ငါ့ကို ပြုံးပြလာတယ် ။ ငါ ခေါင်းကိုငုံ့ပြီး မျက်လွှာချထား လိုက်တယ် ။ ငါ့မှာ သူ့ကို ပြန်ပြုံးပြဖို့အားအင် ရှိမနေတော့ဘူး… ။

"ကိုကို Baeအတွက် Supriseပြင်ထားတယ်… "

      မစ္စတာပတ်ရဲ့ အခန်းထဲက ထွက်လာတဲ့အခါ သူ ငါ့ကို ဆွဲခေါ်သွားတယ် ။

"ကိုကိုတို့ မင်္ဂလာပွဲအတွက်မို့ Bae ကြိုက်တာ ရွေးဖို့ …  "

PHOENIX |[ completed ]|Where stories live. Discover now