15

81 8 0
                                    

.U.

အပိုင်း(၁၅)

     Rhododendron လို့ခေါ်တဲ့ တောင်ဇလပ်တွေအကြောင်းကို သိကြသလား… ။

ရှေးဟောင်းဂရိစာမှာ Rhodon ဆိုတာ နှင်းဆီ… Dendron ဆိုတာ သစ်ပင်… ဒီစကားလုံးနှစ်ခုကို ပေါင်းစပ်ရာက ဖြစ်လာတဲ့ Rhododendron ဆိုတာကကျ တောင်ဇလပ်ပန်းတွေ ရဲ့ နာမည်ဖြစ် လာတယ် ။ တခြားစီပဲ လို့ တွေးရင်လဲရပါတယ် ။ တကယ်လဲ တခြားစီပဲကို… ။ နှင်းဆီက Rosaceae ရိုဇေးစီး လို့ခေါ်တဲ့ ပင်ပုနွယ်ဝင်… တောင်ဇလပ်တွေက Ericaceae အရီကေးစီးလို့ခေါ်တဲ့ သစ်ခြုံပင်နွယ်ဝင်… ။
အာ … ပြောလေ ရှုပ်လေဖြစ်တော့မှာမို့ တောင်ဇလပ်တွေဆီ ဆက်သွားရအောင်… ။
တောင်ဇလပ်တွေက များသောအားဖြင့် evergreen ခေါ်တဲ့ အမြဲစိမ်းပင်တွေဖြစ်တယ်။ ရာသီကုန်ရင်အရွက်ကြွေတတ်တဲ့ deciduous ခေါ်ရွက်ပြတ်ပင်တွေ လည်း ရှားရှားပါးပါး ရှိတတ်တယ် ။ အမြင့် မီတာ ၁၂၀၀ ကနေ ၄၃၀၀ ကြားက အေးမြတဲ့ လေထုရှိတတ်တဲ့နေရာတွေကို ကြိုက်တယ် ။ နီပေါ ဘူတန် နဲ့ တီဘက် မှာ အဓိက တွေ့ရပြီး ဟိမဝန္တာ တောင်ကြောတလျောက်ဖြစ်တဲ့ တရုတ်ပြည်အနောက်ပိုင်း အိန္ဒိယမြောက်ပိုင်းဒေသတချို့ နဲ့ မြန်မာပြည်မြောက်ပိုင်းတွေ မှာလည်း တွေ့နိုင်တယ်။ မျိုးစိပ် ၅၀၀ ကနေ ၉၀၀ကျော် မှာ ဖယ်ရဂ်နီယမ် (ferragineum)လို့ခေါ်တဲ့ ပန်းဆီရောင်မျိုး နဲ့ပါရ်အယ်လ်ဘမ် (puralbum) ခေါ်တဲ့ အဖြူ ရောင်မျိုးကိုပဲ ငါ သိတယ်။များသောအား ဖြင့် ပန်းဆီရောင်မျိုးတွေကို ပိုတွေ့ရတယ်။ ဘူတန်နိုင်ငံမှာတော့ တောင် ဇလပ်တွေဟာ ရာသီဥတုကောင်းမွန်တဲ့ ဧပြီလ ကနေ ဂျူလိုင်လ အတွင်းမှာ ပွင့်တယ်။ တောင်ဇလပ်တွေ အလှဆုံးပွင့်ဝေချိန် ဧပြီ ၁၉ရက် ကနေ၂၄ရက် အတွင်းမှာ တောင်ဇလပ် ပွဲတော် ကို လုပ်လေ့ရှိတယ်။

"မြေးရေ …… သွားစို့ကွယ်……  "

အဘွားက ငါ့ကို လှမ်းခေါ်တယ် ။ အမွှာလေး နဲ့ သမီးက အဘိုးနားမှာ ရောက်နှင့်ပြီးပြီ ။ Drangon Kingdom လို့ ခေါ်ဝေါ်ကြတဲ့ ဘူတန် နဲ့ လိုက်ဖက်အောင် ရွှေရောင်နဂါးရုပ်လေးတွေ စီခြယ်တဲ့ ခီရာအနီလေးကို ငါ ဝတ်ဆင်လိုက်တယ်။ ငါ့ခါးစည်းလေးမှာ အပြာရောင်နဲ့ အဝါရောင် ကြိုးမြိတ်လေးတွေ တွယ်ချိတ်လို့… ။
သင်ဖူးမြို့တွင်းက ဒိုချူးလာ(Dochula)နယ်မှာ လမ်ပါရီရုက္ခဗေဒဥယျာဉ်(Lamperi Botanical garden) ရှိတယ် ။ တောင်ဇလပ်ပွဲတော်ကို ဒီနေရာမှာ ကျင်းပတယ် ။ အလှဆင်ထားတဲ့ တောင်ဇလပ်တွေကို ကြည့်ရှု ကြတယ် ။ မျက်နှာဖုံးအကနဲ့ ရိုးရာအကတွေ ကကြတယ်။  ရိုးရာကစားနည်းတွေ ကစားကြတယ် ။ ဘူတန်ရဲ့ နာမည်အကြီးဆုံး ရိုးရာအားကစားကတော့ မွန်ဂိုနွယ်ပီသတဲ့ လေးမြားအတတ်ပြသခြင်း ပဲ ဖြစ်တယ်။ ခုရု (Khuru)လို့ ခေါ်တဲ့ မြားပေါက်ကစားနည်းကတော့ အဘိုးသင်ပေးဖူးတဲ့ ငါအနှစ်သက်ဆုံး ကစားနည်း ပေါ့ ။

PHOENIX |[ completed ]|Where stories live. Discover now