thirteen (unicode)

2.1K 242 5
                                    

  Love is burning …
Like a …
PHOENIX…
_____________

"လူကြီးမင်း………အဆင်ပြေရဲ့လား……… "

ငါ့ကို ခေါ်လိုက်တဲ့ အရောင်းစာရေးရဲ့အသံကြောင့် ငါ သတိဝင်လာတယ်……။

"လက်မှတ်ဖြတ်တော့မှာပါလား…… "

"ဟုတ်ကဲ့…… ဖြတ်မှာပါ……"

ငါ့လက်ထဲက ဘောပင်က စာရွက်က်ို ထိလုဆဲဆဲ……။

*မေမေ………*   *မေမေရေ……… *

ကလေးတွေရဲ့စကားလုံးလေးတွေကို ငါကြားယောင်မိတယ်… ။

*ကောင်ငယ်လေး…… မင်း နှလုံးသားက လောက်မြိုက်နေတယ်…*

*Paro, Bhutan* ဆိုတဲ့ စာကြောင်းလေးကို ငါ ကြည့်လိုက်မိပြန်တယ်… ။ ဘူတန်အဘိုးအိုပြောတဲ့အတိုင်း ငါသာ ငါ့ကိုယ်ငါ ထပ်သိဖို့ လိုသေးတယ် ဆိုရင်…… ငါက ဘာလဲ……။

ငါက ဘာလဲ…… ။

အဲ့ဒီတနေ့…… အဲ့ဒီနေ့နေ့လည်က ငါ အတွေးတောထဲမှာ နစ်မြောနေခဲ့တယ်… ။ ငါ့အနားမှာ ဆော့ကစားနေတဲ့ အမွှာနှစ်ယောက် ဘယ်ကို ရောက်သွားလဲ ဆိုတာ ငါ မသိတော့တဲ့အထိ… ။

"ထယ်ယန်း!! ဆဲဂျီ!!!! "

ငါ တအိမ်လုံး တခြံဝင်းလုံးကို ပတ်ပြီးရှာတယ် ။ အိမ်အကူအဒေါ်ကြီးတွေနဲ့ အိမ်တော်ထိန်းဦးလေးကြီး ကူရှာပေးပေမယ့် မတွေ့ရ… ။ ဆင်ဝင်အောက် လှေကားထစ်တွေမှာ ငါ ထိုင်ချလိုက်မိတယ်… ။

" ဘာဖြစ်နေတာလဲ! "

သြရှရှအသံက ပြာယာခတ်နေတဲ့ ငါ့ကို ရပ်တန့်သွားစေတယ်… ။ သူ က ငါ့ကို မျက်မှောင်ကျုံ့ပြီး ကြည့်နေတယ်… ။ သူ့နောက်မှာ အမွှာနှစ်ယောက်… ။

"မေမေ……ဘာဖြစ်လို့လဲ… "

"မေမေ… ဘာလို့ မောနေတာလဲ…… "

ချွေးတွေရွဲနစ်နေတဲ့ ငါ့ကို မြင်တော့ အမွှာနှစ်ယောက်က ငါ့နားကို အပြေးလေးရောက်လာတယ်… ။ အမွှာနှစ်ယောက်ကို ငါ ခပ်တင်းတင်းလေးပွေ့ဖက်ထားမိတယ်… ။

"မေမေ စိုးရိမ်လိုက်ရတာကွာ ……… "

"အပြင်က ပြန်ရောက်လာတဲ့အချိန် သူတို့ကို တွေ့တာနဲ့ မုန့်လိုက်ဝယ်ပေးတာ……"

PHOENIX |[ completed ]|Where stories live. Discover now