6

77 10 0
                                    

.U.

 အပိုင်း(၆)

"စိတ်ချခဲ့မယ်နော်…… "

     ဒီစကားကို ပြောပြီး ငါ့အဒေါ်က ငါ့လက်က်ို လွတ်ချသွားပြန်တယ် ။ လောကတစ်ခုလုံးမှာ ငါတယောက်တည်း ကျန်ခဲ့ပါလား လို့ ငါ သိလိုက်တယ် ။
     ရေပြင်ထဲကို မြောသွားပြန်တဲ့ ပြာစတွေကို ကြည့်ရင်း ငါ မငိုမိအောင် ထိန်းထားနိုင်ခဲ့တယ် ။ ခေါင်းတွေကိုက်ပြီး ဖျားတာတောင် ငါ ပြုံးထားမိတုန်းပဲ ။

" နားလိုက်ပါဦး…… "

     ငါ့ကို ပွေ့ဖက်လာတဲ့ သူ့ပခုံးကိုမှီရင်း မျက်လုံးတွေကို မှိတ်ချလိုက်တယ် ။အထက်တန်းစာမေးပွဲတွေဖြေနိုင်ဖို့ ငါ ကြိုးစားရဦးမယ် ။
     တစ်နှစ်တာကာလက မျက်တောင်တခတ်စာမှာ ပဲ ငါ့နားက လွင့်ပျံသွားပြန်တယ် ။ ဒီကာလအတွင်းနှုတ်ခမ်းနီမိန်းကလေးက သူ့နားကိုအမြဲလာတယ် ။ သူကလည်း အဲ့မိန်းကလေးကို ကြိုဆိုတယ်… ။

"Bae… ကိုကိုတို့အတွက် ကော်ဖီလေး ဖျော် ပေး ပါဦး…  "

     အဲ့တာ အဲ့မိန်းကလေး ရောက်လာတိုင်း သူ ပြောနေကျစကားပဲ ။

"ရတာပေါ့……ခဏစောင့်နော်……  "

     ငါအလိုက်တသိပဲ ထထွက်လာနေကျ … ။
     တယောက်ယောက်ကို ချစ်တယ် ဆိုတာ တဖွဖွ ပြောနေဖို့ မလိုအပ်ဘူး လို့ ငါ ယူဆတယ်။ငါ သူ့ကို သိပ်ချစ်ကြောင်း ပြတဲ့အနေနဲ့ ငါ့တဘဝ လုံး သူ့နားမှာ အကောင်းဆုံး နေပေးခဲ့တယ် ။
     ငါ့ကို ချစ်တယ် လို့ ပြောတာကို မလိုချင်ပေမယ့် ငါ သိချင်မိတယ် ။ သူ ငါ့ကို တကယ်ချစ်တာ ဟုတ်ပါရဲ့လား … ။တကယ်ချစ်တယ် ဆိုရင် ငါ ဝမ်းနည်းနေတာကို သူ ဘာလို့ မမြင်ရတာလဲ ။ မေမေ ပြီးတော့ ဒေါ်လေး… သူတို့ကကော ငါ့ကို ဘာလို့ တယောက်တည်း ထားခဲ့ရတာလဲ ။
     ကော်ဖီခွက်ထဲကို ငါ့မျက်ရည်တွေ ပြုတ်ကျသွားတယ် ။ အနည်းဆုံး ကော်ဖီတွေ ငံနေတာကိုတော့ သူ သိကောင်းပါရဲ့… ။

"ဂုဏ်ယူပါတယ်…!!… "

    ဆူဆူညံညံ အော်ဟစ်နေကြတဲ့ ကျောင်းသားတွေရဲ့ အလယ်မှာ ငါ အပြုံးတစ်ပွင့်နဲ့ ရပ်နေတယ် ။သူများတွေ အသက်၁၈နှစ်မှာ အထက်တန်းအောင်လက်မှတ်ရကြတယ် ။ ငါ့အသက်ကတော့ ၁၆နှစ်ပဲရှိသေးတယ် ။
     ငယ်ငယ်ရွယ်ရွယ်နဲ့ပညာတစ်ခုပြီးမြောက်သွားလို့ငါပျော်သင့်လား ။ ပျော်သင့်ပါတယ်… ။
     ပြုံး ထား သင့် တယ် လို့လည်း ငါထင်တာပဲ…။
     ငါ တကယ် ပျော်နေလား လို့ ဘယ်သူကမှလည်း လာမမေးကြဘူးလေ။ ငါ့ဘေးမှာ ရပ်နေတဲ့ သူ ကလည်း ငါ့ကို *ပျော်လား*လို့ တခွန်း မမေးခဲ့ပါဘူး ။ငါ မပျော်မှန်းတော့သူသိကောင်းပါ့ရဲ့… ။

PHOENIX |[ completed ]|Where stories live. Discover now