Love is burning …
Like a …
PHOENIX…
_____________နှစ်လနီးပါးကြာလာတယ်… ။ယန်မိန်းကလေးရဲ့ ဒဏ်ရာတွေ သက်သာလာေပမယ့် မျက်နှာဟာ အသားနုတဲ့နေရာမို့ ခါးပတ်ရာ အစင်းကြောင်းကြီးတွေကတော့ ရှိနေတုန်းပဲ…။
"နည်းနည်းထပ်စားပါဦး……"
မနက်တွေမှာ သူမ စားနိုင်ဖို့ ငါကိုယ်တိုင် ဆန်ပြုတ် ပြုတ်ပေးဖြစ်တယ်… ။ သူမဘက်က ဘယ် လောက်ပဲ ဟော့ရမ်းပါစေ… ငါ့ခင်ပွန်းဘက်က အလွန်ဟာ ငါ့အလွန်ပဲမို့ သူမကို ဂရုစိုက်ပေးသင့်တယ် လို့ ငါ ခံယူတယ်…။
"တော်ပါပြီ…… ကျမ ဝပြီ … "
သူမက ငါ့ကိုပြုံးပြတယ်… ။ ငါ ပြန်မပြုံးပြနိုင်ခဲ့ဘူး…။
"ဘယ်လိုများ သည်းခံနေလဲ……"
"ဘာကိုလဲ……… "
"သခင်ကြီးကို ဘယ်လိုများသည်းခံလဲ လို့… "
သူမ က ငါ့ကို မေးလာတယ်… ။ ငါ ပြုံးလိုက်မိ တယ်… ။ အဲ့ဒီအတွက် အဖြေက ငါ့မှာ ရှိပြီးသား… ။
"ငါ သူ့ကို ချစ်တယ်လေ…… "
"အင်း…… အချစ်……… "
သူမက ခေါင်းတငြိမ့်ငြိမ့်… ။ အဝေးတစ်နေရာကို ငေးကြည့်နေတဲ့ သူမရဲ့ မျက်နှာမှာ တစ်ခုခုကို သတိရနေတဲ့ အရိပ်တွေ ဖြတ်ပြေးလို့… ။
"တနေ့မှာ … တက္ကသိုလ်ကျောင်းသားကျောင်းသူ ကောင်မလေး နဲ့ ကောင်လေး ချစ်မိကြတယ်…… မိဘတွေက တယောက်ကို တယောက် သိပ်မုန်းတဲ့ စီးပွားပြိုင်ဖက်တွေလေ… ဘယ်လို နည်းနဲ့မှ မိဘသဘောတူညီချက်ကို မရတော့ သူတို့ ထွက်ပြေးခဲ့ကြတယ်… လမ်းဘေးမှာပဲ နေရနေရ ဆိုပြီး ထွက်ပြေးလာခဲ့ကြတယ်……"
သူမက ခပ်တွေတွေလေး ပြောနေတယ်… ။ ဟန်ဆောင်မှု ကင်းနေတဲ့ သူမ မျက်နှာစစ်ကို ငါ မြင်နေရတယ်… ။
" ပင်လယ်ကမ်းစပ်မြို့လေးတစ်မြို့မှာ အခြေချပြီး ပုန်းကွယ်နေလိုက်ကြတယ်… ငါးဖမ်းကူတယ်… ရောင်းကြတယ်… ဂဏန်းကောက်ကြတယ်… ရွှေပုံထဲက မင်းသားနဲ့ မင်းသမီးတို့ လင်မယားရဲ့ ခွေးဖြစ်သော နေ့ရက်များပေါ့ … "
ပြောနေရင်း သူမ ရယ်တယ်……။ သူမ အသံက တုန်ယင်စပြုနေပြီ… ။
YOU ARE READING
PHOENIX |[ completed ]|
Short StoryLove is Burning ... Like a P H O E N I X a chanbaek BL fanfiction