13

73 10 0
                                    

.U.

အပိုင်း(၁၃)

"လူကြီးမင်း………အဆင်ပြေရဲ့လား……… "

     ငါ့ကို ခေါ်လိုက်တဲ့ အရောင်းစာရေးရဲ့အသံကြောင့် ငါ သတိဝင်လာတယ် ။

"လက်မှတ်ဖြတ်တော့မှာပါလား…… "

"ဟုတ်ကဲ့…… ဖြတ်မှာပါ……"

     ငါ့လက်ထဲက ဘောပင်က စာရွက်က်ို ထိလုဆဲဆဲ ။

*မေမေ………*   *မေမေရေ……… *

     ကလေးတွေရဲ့စကားလုံးလေးတွေကို ငါကြားယောင်မိတယ် ။

*ကောင်ငယ်လေး…… မင်း နှလုံးသားက လောက်မြိုက်နေတယ်…*

     *Paro, Bhutan* ဆိုတဲ့ စာကြောင်းလေးကို ငါ ကြည့်လိုက်မိပြန်တယ် ။ ဘူတန်အဘိုးအိုပြောတဲ့အတိုင်း ငါသာ ငါ့ကိုယ်ငါ ထပ်သိဖို့ လိုသေးတယ် ဆိုရင်ကော… ။
ငါက ဘာလဲ…… ။
     အဲ့ဒီတနေ့…… အဲ့ဒီနေ့နေ့လည်က ငါ အတွေးတောထဲမှာ နစ်မြောနေခဲ့တယ် ။ ငါ့အနားမှာ ဆော့ကစားနေတဲ့ အမွှာနှစ်ယောက် ဘယ်ကို ရောက်သွားလဲ ဆိုတာ ငါ မသိတော့တဲ့အထိ ။

"ထယ်ယန်း!! ဆဲဂျီ!!!! "

     ငါ တအိမ်လုံး တခြံဝင်းလုံးကို ပတ်ပြီးရှာတယ် ။ အိမ်အကူအဒေါ်ကြီးတွေနဲ့ အိမ်တော်ထိန်းဦးလေးကြီး ကူရှာပေးပေမယ့် မတွေ့ရ ။ ဆင်ဝင်အောက် လှေကားထစ်တွေမှာ ငါ ထိုင်ချလိုက်မိတယ် ။

" ဘာဖြစ်နေတာလဲ! "

    သြရှရှအသံက ပြာယာခတ်နေတဲ့ ငါ့ကို ရပ်တန့်သွားစေတယ် ။ သူ က ငါ့ကို မျက်မှောင်ကျုံ့ပြီး ကြည့်နေတယ် ။ သူ့နောက်မှာ အမွှာနှစ်ယောက်… ။

"မေမေ……ဘာဖြစ်လို့လဲ… "

"မေမေ… ဘာလို့ မောနေတာလဲ…… "

    ချွေးတွေရွဲနစ်နေတဲ့ ငါ့ကို မြင်တော့ အမွှာနှစ်ယောက်က ငါ့နားကို အပြေးလေးရောက်လာတယ် ။ အမွှာနှစ်ယောက်ကို ငါ ခပ်တင်းတင်းလေးပွေ့ဖက်ထားမိတယ် ။ စိုးရိမ်လိုက်ရတာ… ။

"အပြင်က ပြန်ရောက်လာတဲ့အချိန် သူတို့ကို တွေ့တာနဲ့ မုန့်လိုက်ဝယ်ပေးတာ……"

    သူ့အသံက *မင်း အပိုတွေ လုပ်နေတယ် * လို့ ပြောနေသလိုပဲ ။ ငါ မတ်တပ်ရပ်ပြီး သူနဲ့ မျက်နှာချင်းဆိုင်လိုက်တယ်… ။

PHOENIX |[ completed ]|Where stories live. Discover now