11

81 11 0
                                    

.U.

အပိုင်း(၁၁)

     နှစ်လနီးပါးကြာလာတယ် ။ယန်မိန်းကလေးရဲ့ ဒဏ်ရာတွေ သက်သာလာပေမယ့် မျက်နှာဟာ အသားနုတဲ့နေရာမို့ ခါးပတ်ရာ အစင်းကြောင်းကြီးတွေကတော့ ရှိနေတုန်းပဲ ။

"နည်းနည်းထပ်စားပါဦး……"

     မနက်တွေမှာ သူမ စားနိုင်ဖို့ ငါကိုယ်တိုင် ဆန်ပြုတ် ပြုတ်ပေးဖြစ်တယ် ။ သူမဘက်က ဘယ် လောက်ပဲ ဟော့ရမ်းပါစေ… ငါ့ခင်ပွန်းဘက်က အလွန်ဟာ ငါ့အလွန်ပဲမို့ သူမကို ဂရုစိုက်ပေးသင့်တယ် လို့ ငါ ခံယူတယ် ။

"တော်ပါပြီ…… ကျမ ဝပြီ … "

      သူမက ငါ့ကိုပြုံးပြတယ် ။ ငါ ပြန်မပြုံးပြနိုင်ခဲ့ဘူး ။

"ဘယ်လိုများ သည်းခံနေလဲ……"

"ဘာကိုလဲ……… "

"သခင်ကြီးကို ဘယ်လိုများသည်းခံလဲ လို့… "

      သူမ က ငါ့ကို မေးလာတယ် ။ ငါ ပြုံးလိုက်မိတယ်။ အဲ့ဒီအတွက်အဖြေက ငါ့မှာ ရှိပြီးသား… ။

"ငါ သူ့ကို ချစ်တယ်လေ……  "

"အင်း…… အချစ်……… "

     သူမက ခေါင်းတငြိမ့်ငြိမ့် ။ အဝေးတစ်နေရာကို ငေးကြည့်နေတဲ့ သူမရဲ့ မျက်နှာမှာ တစ်ခုခုကို သတိရနေတဲ့ အရိပ်တွေ ဖြတ်ပြေးလို့ ။

"တနေ့မှာ … တက္ကသိုလ်ကျောင်းသားကျောင်းသူ ကောင်မလေး နဲ့ ကောင်လေး ချစ်မိကြတယ်…… မိဘတွေက တယောက်ကို တယောက် သိပ်မုန်းတဲ့ စီးပွားပြိုင်ဖက်တွေလေ… ဘယ်လို နည်းနဲ့မှ မိဘသဘောတူညီချက်ကို မရတော့ သူတို့ ထွက်ပြေးခဲ့ကြတယ်… လမ်းဘေးမှာပဲ နေရနေရ ဆိုပြီး ထွက်ပြေးလာခဲ့ကြတယ်……"

     သူမ ခပ်တွေတွေလေး ပြောနေတယ်။ ဟန်ဆောင်မှုကင်းနေတဲ့ သူမ မျက်နှာစစ်ကို ငါ မြင်နေရတယ် ။

" ပင်လယ်ကမ်းစပ်မြို့လေးတစ်မြို့မှာ အခြေချပြီး ပုန်းကွယ်နေလိုက်ကြတယ်… ငါးဖမ်းကူတယ်… ရောင်းကြတယ်… ဂဏန်းကောက်ကြတယ်… ရွှေပုံထဲက မင်းသားနဲ့ မင်းသမီးတို့ လင်မယားရဲ့ ခွေးဖြစ်သော နေ့ရက်များပေါ့ … "

PHOENIX |[ completed ]|Where stories live. Discover now