"ဝက်မ ဟဲ့ ဝက်မ"
(မိန်းကလေးတျောက်ကို အဲလိုကြီးအော်နေတာက မကောင်းဘူးမလား)
ကိုယ်ဝင်ပြောမလို့ပဲရှိသေးတယ် စူးခနဲထွက်လာတဲ့ အသံလေး"ဘာတုံး!!"
"ဝက်မ ငါ့ကို တစ်သျူးဘူးလေး 😁"
"မသာ နင့်လက်ကကျိုးနေလို့လား နင့်ခြေထောက်ကကျိုးနေလို့လား ဒါမှမဟု ဖင်လေးနေလို့ထမယူတာလား"
"ဝက်မရာ နင်ကလဲ လာပေးစမ်းပါဟ"
"မသာ ဒေါင်းစား"
ပြောလဲပြော လက်ကလဲ တစ်သျူးဘူးနဲ့ကောက်ပစ်လိုက်တယ်အပစ်ခံရတဲ့ကောင်လေး တစ်သျူးဘူးခေါင်းမှန်သော်လည်း တဟီဟီနဲ့
"အသဲလေး လက်တည့်တယ်နော်"
"နင်လဲ အဖမ်းနှုတ်တယ်နော် အမြစ်လေး"
(ရောင်းသူဝယ်သူအသံတူနေတာ)
ကောင်းခန့်က လိုတဲ့ပစ္စည်းတွေလိုက်ချပေးနေတဲ့ကောင်မလေးကိုကြည့်ပြီး
"ဘာလဲဟ ကန်တင်းက အလုပ်သမားအသစ် ခေါ် ထားတာလားဟ"
သစ္စာက လှမ်းကြည့်ရင်း "မသိဘူးလား first yearကကောင်မလေးလေ လူချစ်လူခင်တော့ပေါတယ်ဟ ရောက်တာတလပဲရှိသေး ကန်တငး်ကလူတွေနဲ့ခင်ပြီး လုပ်အာပေးနေတာ"
"နံမည်သိလား "
"ဘာလဲစိတ်ဝင်စားလို့လား"
"မဟုပါဘူး ဒီတိုင်းမေးကြည့်တာ"
"နံမည်တော့ ငါလဲမသိဘူး ဒါပေမဲ့ final yearကkingကြီးရဲ့အသဲကျော်နော် သွားမလုပ်နဲ့"
"ပိုင်ရှင်ကြီးနဲ့လား သွားပါပြီကွာ"
"အခုခေတ်ကလေးတွေက ဘာလို့ ပိုင်ရှင်ကြီတွေနဲ့တုံး သူတို့ကပိုင်ရှင်တွေနဲ့ ငါတို့ကဘာလုပ်ရမှာလဲ"
"နင်ကဘာလုပ်ချင်သေးလို့လဲ"
"နင်တို့တောင် firstကကောင်လေးတွေတွေ့ရင် မှောင်လေး မှောင်လေးနဲ့ ငါတို့လဲ ဒီလိုပဲပေါ့ဟာ အီစီကလေးပေါ့ ဘာပဲဖြစ်ဖြစ် ကိုယ့်ညီမလေးတွေကို ကိုယ်ဖိရင်ဖိစောင့်ရှောက်ချင်တာပေါ့"
"အခုတော့..........😔😔😔😔😔"
"ဟဲ့ ဒါတကယ့်ဘဝ မအေးအေးဝင်း စီစဉ်တာ မဟုဘူး ငမ်းမနေနဲ့ အတန်းထဲသွားမယ် ချယ်လာခါနီးပြီ"