အပိုင်း ၁

2.7K 233 3
                                    

"ဖြူ.. ဒီကိုလာ.."

ခေါ်သံကြားကတည်းက မရှိတဲ့အမြီးကို နန့်ချင်လာအောင် ကျွန်မခံစားရပါသည်ဟု ပြောလျှင် ပိုလိုက်တာဟု မှတ်ချချက်ကြလိမ့်မည်လားမသိ။ ဒါပေမဲ့လည်းမတတ်နိုင်။ ဖြိုးသီဟ၏ခေါ်သံသည် ကျွန်မ၏ အသည်းနှလုံးများကို ပရမ်းပတာ လှုပ်ခါစေပါသည်။ ဘေးနားမှာထိုင်နေသည့် ဖုန်းပွတ်နေသည့် ဂျပုကောင်ကိုတော့ အရိပ်တစ်ခုအဖြစ်ပင် ကျွန်မ မမြင်ဖြစ်။

"၀ါငယ်နဲ့ စိုးပိုင်ရော.."

"မသိဘူးဟ။ ငါဒီနေ့ အိမ်ကစောထွက်လာတာ။"

ဖုန်းထဲ Allarm ထည့်ကာ မနက်အစောကြီးနိုးနေအောင် ကြိုးစားခဲ့တာကိုတော့ ထည့်မပြောဖြစ်တော့။ သေချင်းဆိုးနှစ်ယောက်ထက်စောရောက်အောင် နေ့တိုင်းကြိုးစားနေရသည်။ သန့်ပြန့်ကာ အမျိုးသားသုံးရေမွှေးနံ့သင်းနေသော ကျွန်မအသည်းတစ်ခြမ်းဘေးနား ကပ်ထိုင်ခွင့်ရတာနှင့်တော်ပြီ။ ဖြိုးသီဟ၏ တစ်ဖက်ခြမ်းတွင် ဟိုဂျပုကောင်က အမြဲထိုင်နေတတ်၍ တစ်ဖက်နေရာသာလွတ်သည်။ ဟိုချီးထုပ်မ ရှိလျှင် နေရာလုနေရဦးမည်။ ဒါကမနက်တိုင်း ကျွန်မနှင့် မိ၀ါတို့၏ သွေးအေးစစ်ပွဲ။

လည်ကုပ်နေရာမှာ စွတ်ထားဟန်ဆင်သော ခပ်သင်းသင်း ရေမွှေးနံ့သည် ကျွန်မကို ကျီစယ်နေသည်။ ဖြိုးသီဟဆိုသည့် ကျွန်မအသည်းတစ်ခြမ်းသည် ဆောင်းတွင်းဖြစ်ဖြစ်၊ မိုးတွင်းဖြစ်ဖြစ် ရေချိုးခေါင်းလျှော်ပြီးမှ ကျောင်းသို့လာတတ်သည်။ ဆံပင်ကို သပ်ရပ်စွာဖြီးသင်ကာ hair cream ကို ခပ်ပါးပါးသုံးတတ်သည်။ လက်သည်းများရှည်နေသည်ကို တစ်ခါမှ မတွေ့ဖူးပါ။ သန့်နေသော လက်သည်းများသည် ပန်းရောင်ပြေးနေအောင် လှသည်။ လက်ချောင်းသွယ်သွယ် ရှည်ရှည်များနှင့်ဆိုတော့ ကြည့်လို့ပင်မဝနိုင်။ မုတ်ဆိတ်၊ နှုတ်ခမ်းမွှေးဆိုတာတော့ သဲ့သဲ့မျှပင် မတွေ့ရ။ ကျောရိုးရှည်ရှည်၊ ရင်အုပ်ကျယ်ကျယ်နှင့် ဖြစ်သည်။ ထိုရင်ခွင်ကျယ်ကြီးထဲမှာသာ မှီနွဲ့ခွင့်ရခဲ့မည်ဆိုလျှင်..

"ဖြူရာ..နင် ငုတ်တုတ်မေ့နေပြန်ပြီလား။ ထိုင်ပြီးရင် စာအုပ်တွေထုတ်လို့ရပြီ။"

စကတည်းက မှားခဲ့သည်Where stories live. Discover now