Author's Note

9.1K 606 16
                                    

မင်္ဂလာပါ။

ဒီဇာတ်လမ်းလေးကို နှစ်ခုသောအကြောင်းရင်းကြောင့် ရေးဖြစ်ခဲ့တယ်။

ပထမက ထာဝရပုံပေကို စိတ်ရှည်ပြီးချစ်ပေးတဲ့ စာဖတ်သူလေးတွေကို အရမ်းကျေးဇူးတင်ချင်လို့။ ပုံပေကို update တင်ဖြစ်တဲ့ တနင်္လာနေ့တိုင်းကို စိတ်ရှည်လက်ရှည်စောင့်ပေးတယ်။ တွန်းအားမပေးဘူး။ အရမ်းချစ်ဖို့ကောင်းတာပဲ။

နောက်တစ်ခုက မမွန် စိတ်အပြောင်းအလဲ လိုအပ်နေလို့။ အမြဲတမ်း Drama တွေ ရေးနေရတာ စိတ်က အဆင်မပြေတော့ဘူး။ ပုံပေက လူကို ချွတ်ခြုံကျစေတဲ့အထိ စိတ်ပင်ပန်းစေတယ်ဆိုရင် ကလေးတို့ ယုံမလားတော့မသိဘူး။ မမွန်အတွက်တော့ လုံးဝကို မလွယ်ခဲ့တာ။ အရမ်းစိတ်ဖိစိမှုများခဲ့တဲ့ ဇာတ်လမ်းတစ်ပုဒ်ပဲ။

Dark Angel ကို ပြန်ရေးမလား ရေးကြည့်သေးတယ်။ အဆင်မပြေဘူး။ Dark ကပိုဆိုး။ လုံးဝ Dark ကြီး။ ဟိုး စိတ်အောက်ဆုံးအထိ ကိုယ့်ကိုကိုယ် တစစီဆွဲထုတ်နေသလို ရေးမှ ရမယ့်ဇာတ်လမ်းကြီး။ ပြန်မကိုင်ရဲသေးဘူး။ ခုကတော့ ပုံပေကို ပြန်စစ်ရုံ၊ အနည်းအကျဉ်း ပြန်ပြင်ရုံလောက်ပဲ လိုတော့တယ်ဆိုတော့ မမွန် စိတ်အနားယူဖို့ ဒီဇာတ်လမ်းလေး ရေးချင်တယ်။ Heavy တွေမပါဘဲ ဘာမှ ထူးထူးထွေထွေ လေ့လာနေစရာမလိုဘဲ ဘယ်နေ့ update မယ်လို့ မသတ်မှတ်ဘဲ စိတ်လွတ်ကိုယ်လွတ် ရေးချင်တယ်။ ဒါ့ကြောင့်ပါ။

ဒီဇာတ်လမ်းလေးရဲ့ ကျောရိုးက facebook မှာ ညီမလေးတစ်ယောက် လာပြောပြတာ။ မမွန် ဇာတ်လမ်းကျောရိုးကိုပဲ ယူရေးဖြစ်တယ်။ ဇာတ်ကောင်စရိုက်၊ ပုံစံ၊ ပတ်ဝန်းကျင်အနေအထား၊ အဖြစ်အပျက်တွေအားလုံး ကိုယ်ပိုင်ဖန်တီးမှုနဲ့ ပြောင်းပစ်ခဲ့တယ်။ ဒါ့ကြောင့် ဖြစ်ရပ်မှန်မဟုတ်သလို ဇာတ်လမ်းထဲက စံပယ်ဖြူက မမွန်စိတ်ကူးထဲက လာတဲ့ဇာတ်ကောင်ပါနော်။

အတူရှိပေးမယ့် ပိစိတို့အားလုံးကို ကျေးဇူးတင်ပါတယ်။

Rp လေးတွေနဲ့လည်း လွတ်လွတ်လပ်လပ် ပျော်ကြရအောင်ပါ။

Rp လုပ်ချင်သူလေးတွေ cb မှာ လာပြောနော်။ အဦးဆုံး လာပြောသူလေးယောက်ကို လက်ခံပေးပါ့မယ်။ ဇာတ်ကောင် မိန်းကလေး ၂ ယောက်၊ ယောက်ျားလေး ၂ ယောက်ပါ။
(Rp ပြည့်သွားပါပြီနော်။ ကျေးဇူးးအများကြီးတင်ပါတယ်။) အားလုံးကို ခွင့်ပြုလို့မရတာ နားလည်ပေးပါနော်။ ချစ်ပေးကြသူတွေအားလုံးကျေးဇူးပါ။

စံပယ်ဖြူ

ဝါငယ်

စိုးပိုင်

ဖြိုးကြီး

Are you ready?

Let's go

Akyinnamon

(31.05.2019)

စကတည်းက မှားခဲ့သည်Where stories live. Discover now